မွန်ပြည်နယ်၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆပ်ကော်မတီ အလုပ်ရုံဆွေးနွေးပွဲကို ၁၁.၁၁.၂၀၂၅ ရက်၊ မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ မွန်ပြည်နယ်၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးတင်စန်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး၊ ဆပ်ကော်မတီအတွင်းရေးမှူး    မွန်ပြည်နယ် လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံးက   လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ဆောင်ရွက်ထားမှု အခြေအနေများအား ရှင်းလင်းပြောကြားပြီး   တက်ရောက်လာသော  ဌာနဆိုင်ရာကော်မတီဝင်များက  ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်ချက် များအား ဆွေးနွေးတင်ပြကြပြီး၊ ရှေ့လုပ်ငန်းစဉ်များချမှတ်ကာ ဆပ်ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြားပြီး  အစည်းအဝေးကို  ရုပ်သိမ်းလိုက်ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ မွန်ပြည်နယ်အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ အရာထမ်း၊  အမှုထမ်းများ စုစုပေါင်းအင်အား  (၂၀) ဦး  တက်ရောက်ခဲ့ပါသည်။

 

နောက်ဆုံးရသတင်းများ

အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း
တိုင်းဒေသကြီး အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီက ကြီးမှူး၍ စွန့်ပစ်ပစ္စည်းများဖြင့် သင်ထောက်ကူ ပစ္စည်းပြုလုပ်ခြင်း၊ အီကိုပရင့်သင်တန်း၊ ခြင်းတောင်းယက်နည်းသင်တန်း၊ အိတ်ချုပ်လုပ်နည်းသင်တန်း၊ အခြေခံပန်းချီသင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီက ကြီးမှူးဖွင့်လှစ်သော စွန့်ပစ်ပစ္စည်းများဖြင့် သင်ထောက်ကူပစ္စည်း ပြုလုပ်ခြင်းသင်တန်း ဖွင့်လှစ်

MOS

DSW

DDM

DOR