လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် သဘာဝဘေးအသိပညာပေးပြုလုပ်မှုသတင်း ၁၄ မေ ၂၀၂၄ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃.၅.၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၀၀) အချိန်မှစ၍ လယ်ဝေးမြို့နယ်အတွင်းရှိ သီရိမင်္ဂလာစျေး၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်၊ မြို့ဦးဓမ္မာရုံ ၊ အောင်ဇေယျ၊ ရေအိုးစင်၊ မြွေရိုးလေး၊ ပတ္တာ၊ ရှမ်းချောင်း၊ ငှက်ပျောတော၊ သပြေပင်၊ နောင်ဘို၊ ကြောင်ရေ၊ကံသာ၊ သော်မှော်ကုန်း၊ ကျွန်းကုန်း ကျေးရွာများတွင် သဘာဝဘေး အန္တရာယ်များအနက် ယခုကာလတွင်ဖြစ်ပေါ်တတ်သည့် မိုးကြိုးဘေးအန္တရာယ်၊ လျှပ်စီးဘေးအန္တရာယ်နှင့် လေပြင်းဘေးအန္တရာယ်တို့ ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဥ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား ပြည်သူများသို့ အသိပညာပေးလိုက်လံနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ပါသည်။Source: DDM
ကယားပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ “မြန်မာအမျိုးသမီးများနေ့” အထိမ်းအမှတ် အကြိုလှုပ်ရှားမှု ရပ်ရွာအခြေပြုပန်းအလှပြင်သင်တန်းဆင်းပွဲ အခမ်းအနား ၁၂ ဇွန် ၂၀၂၆
လှိုင်းဘွဲမြို့နယ်၊ (ဃ)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း ၁၂ ဇွန် ၂၀၂၆
မဲခေါင်-ဂင်္ဂါပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အောက်ရှိမြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့်စီမံချက်အရအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနခွဲ (ရန်ကုန်) ဖွင့်လှစ်ခြင်းစီမံကိန်းပြီးမြောက်အောင်မြင်မှုအခမ်းအနားကျင်းပ ၁၀ ဇွန် ၂၀၂၆
ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်သောဆန်၊ စားသုံးဆီအပါအဝင် ထောက်ပံ့ရေးနှင့် တည်ဆောက်ရေးပစ္စည်းများဆက်လက်ပို့ဆောင် ၀၉ ဇွန် ၂၀၂၆
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်မှုသတင်း ၀၉ ဇွန် ၂၀၂၆