လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်း​ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်၊ မာလာရုံလမ်း၊ အမှတ်(၄၁၀) တွင်(၁၈-၄-၂၀၂၂)ရက်နေ့(၁၇း၂၄)နာရီအချိန်၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လုံးဝပျက်စီးအိမ်ခြေ (၆)လုံးမှ အိမ်ထောင်စု(၆)စု၊ လူဦးရေ(၃၃)ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် မီးဘေးသင့်အိမ်ခြေ(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၂၀၀၀၀ဝိ/-)၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၆၉၃၀ဝိ/-)၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၆)အိမ်ထောင်စုစာနှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အိမ်ထောင်စု(၆)စု အတွက် ဆပ်ပြာ(၆)တောင့်၊ လူဦးရေ(၃၃)ဦးအတွက် mask (၆၆)ခုတို့အား (၂၇-၄-၂၀၂၂)ရက်နေ့ (၁၂:၃၀)နာရီအချိန်တွင် လှိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအားကြည့်ရှုအားပေး

MOS

DSW

DDM

DOR