လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနတွင် In Person ဖြင့် ဖွင့်လှစ်မည့် လူမှုရေးပညာဆိုင်ရာဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း၊ သင်တန်းဖွင့်ပွဲအခမ်းအနားအား (၂၁.၆.၂၀၂၂)ရက်နေ့၊ နံနက်(၀၉:၃၀) နာရီတွင် ဝန်ကြီးရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနမှတာဝန်ရှိပုဂ္ဂိုလ်များ၊ နည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတွင် လူမှုရေးပညာနှင့် လူမှုဝန်ထမ်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးသည် မိမိတို့ဝန်ကြီးဌာန၏ ဦးစားပေးလုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်းလုပ်ငန်းရပ်များ ဆောင်ရွက်ရာတွင်ကျွမ်းကျင်သည့် လူမှုဝန်ထမ်းသမားများ မွေးထုတ်ပေးနိုင်ရေးသည် နိုင်ငံအတွက် မဖြစ်မနေလိုအပ်ပါကြောင်း၊ လူမှုဝန်ထမ်းလုပ်ငန်းရပ်များသည် လူသားများကို ဝန်ဆောင်မှုပေးရသည့် လုပ်ငန်းရပ်ဖြစ်ပြီး လူမှုဝန်ထမ်းနယ်ပယ်သည် ကျယ်ပြန့်ပါကြောင်း၊   လူမှုဝန်ထမ်းပညာရပ်သည် Professional အလုပ်တစ်ခုဖြစ်သည့်အပြင် တိုင်းပြည်တည်ဆောက်ရေးတွင် လူမှုရေးပညာသည် အရေးကြီးပါကြောင်း၊ လူသားအချင်းချင်းဝန်ဆောင်မှုပေးသည့်လုပ်ငန်းသည် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည့်အတွက် ကျွမ်းကျင်ဝန်ထမ်းများ မွေးထုတ်ဖို့လည်း အရေးကြီးပါကြောင်း၊ ကျွမ်းကျင်မှုဆိုရာတွင် စိတ်နေစိတ်ထားသည်လည်း အရေးကြီးပါကြောင်း၊ ပြည်သူများ၏ အခက်အခဲများကို ကူညီဖြေရှင်းရာတွင် လိုက်နာရမယ့် ကျင့်ဝတ်(Ethics)များနဲ့အညီ ဂရုဏာစိတ်၊ ကိုယ်ချင်းစာစိတ်နဲ့ အလုပ်လုပ်ဖို့လည်း လိုအပ်ပါကြောင်း၊ လူမှုရေးဆိုင်ရာပြဿနာများအား ကူညီဖြေရှင်းပေးနိုင်ဖို့အတွက် ဖြစ်ရပ်တွေကို စီမံခန့်ခွဲမယ့် Case Managers များကိုလည်း မွေးထုတ်ပေးနေပါကြောင်း၊ ဖြစ်ရပ်စီမံခန့်ခွဲခြင်း (Case Management) လုပ်ငန်းဟာလည်း Professional အလုပ်တစ်ခု ဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်းလုပ်ငန်းရပ်များ တိုးတက်နိုင်ရေး ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်မှသာ လူမှုဘဝများ တိုးတက်အောင် ကူညီနိုင်မည် ဖြစ်ပါကြောင်း၊ ယနေ့သင်တန်းမှ ပို့ချသွားမည့် လူမှုရေးပညာဘာသာရပ်ဆိုင်ရာ သင်ခန်းစာများ၊ အတွေ့အကြုံများကို အခြေခံ၍ လူမှုဝန်ထမ်း လုပ်ငန်းရပ်များနှင့် လူမှုရေးဝန်ဆောင်မှုများ ပိုမိုကောင်းမွန်စွာ ပံ့ပိုးပေးနိုင်သော၊ အရည်အချင်း ပြည့်ဝ၍ လုပ်ငန်းကျွမ်းကျင်သော၊ စွမ်းဆောင်ရည်မြင့်မားသော၊ စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်နှင့်ညီညွတ်သော လူမှုဝန်ထမ်းသမားများ ဖြစ်ကြပါစေကြောင်း တိုက်တွန်းပြောကြားခဲ့ ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က အမှာစကားပြောကြားရာတွင် ယခုဖွင့်လှစ်သော သင်တန်းသည် လူမှုဝန်ထမ်းသမားများအတွက် အထူးအရေးကြီးသော သင်တန်းတစ်ခု ဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်းလုပ်ငန်းဟာ သိနားလည်မှု (Knowledge)၊ ကျွမ်းကျင်မှု (Skill)နှင့် ကျင့်ဝတ် (Ethics) စတာတွေနဲ့ဆောင်ရွက်ရတဲ့ Profession တစ်ခုဖြစ်ပါ ကြောင်း၊ ဒီအချက်တွေကို လူမှုရေးပညာ (Social Work Education) ကနေ လေ့လာသင်ယူနိုင် မှာဖြစ်ပါကြောင်း၊ မိမိတို့ဌာနအနေနဲ့ လူသားများ၏ လူမှုရေးဆိုင်ရာကိစ္စရပ်များအား ကူညီမှုများ ပေးနေရသည့် ဌာနတစ်ခုဖြစ်တဲ့အတွက် ပို၍အရေးကြီးပါကြောင်း၊ မိမိတို့ လူမှုဝန်ထမ်းသမား များအနေနဲ့ စေတနာ၊ ဝါသနာ၊ အနစ်နာ၊ ကရုဏာ၊ အကြင်နာစတဲ့နာ (၅)နာနဲ့အညီ ပြည်သူ့အကျိုးပြု လုပ်ငန်းများကို ဖော်ဆောင်ပေးခြင်းဖြင့် ကိုယ့်ဌာန၊ ကိုယ့်နိုင်ငံအတွက် အကျိုးပြုနိုင်သော ဝန်ထမ်းကောင်းများ ဖြစ်ကြပါစေကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါသင်တန်းအား (၂၁.၆.၂၀၂၂)ရက်နေ့မှ (၂၅.၆.၂၀၂၂) ရက်နေ့အထိဖွင့်လှစ်မည် ဖြစ်ပြီး ဝန်ကြီးဌာနမှ ဝန်ထမ်း စုစုပေါင်း (၂၇) ဦး တက်ရောက်လျက် ရှိပါသည်။ အဆိုပါ သင်တန်းဖွင့်လှစ်ခြင်းဖြင့် ဝန်ထမ်းများ၏ လူမှုရေးပညာရပ်ဆိုင်ရာ ခံယူချက်၊ အသိပညာများ ပြည့်ဝလာပြီး လူမှုအကျိုးပြုလုပ်ငန်းများအား ပိုမိုမြှင့်တင်ဖော်ဆောင်နိုင်မည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါသည်။

နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ကန်ကြီးထောင့်မူလတန်းကြိုကျောင်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်းနှင့် ပုသိမ်ကလေးပြုစုရေးဌာန၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများသို့ကြည့်ရှုစစ်ဆေးခြင်း
ဧရာဝတီတိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်းနှင့် ညောင်တုန်းမြို့နယ်၊ကုက္ကိုဝကျေးရွာအုပ်စု၊ကုက္ကိုဝကျေးရွာ၌ ဘိုးပိုင်အခြေပြုကျောက်စီတမံတည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေအားကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း
ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်အားကစားကွင်းတွင် ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှု မသန်စွမ်းအားကစားပြိုင်ပွဲ ကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် ၂ လမ်းမကြီးအနီးအင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) သိုလှောင်ရုံဌာနခွဲ(ရွာသာကြီး) မြေကွက်လပ်နေရာရှိသိုလှောင်ရုံဆောက်လုပ်ရန်နေရာသို့ ကွင်းဆင်းကြည့်ရှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအားကြည့်ရှုအားပေး

MOS

DSW

DDM

DOR