လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန နေပြည်တော်တိုင်းဦးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ် (၁၁-၅-၂၀၂၅)ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ရှားချောင်းအုပ်စုမှ လူနေအိမ် (၁)လုံး၊ ဝင်တဲကူးအုပ်မှ လူနေအိမ် (၁)လုံး၊ ကျသောင်းတောင်အုပ်စုမှ လူနေအိမ် (၁၀)လုံး၊ စုစုပေါင်းနေအိမ် (၁၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၁၀,၀၀၀ိ/-)၊ ဘေးသင့်လူဦးရေ (၄၄) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၂၀,၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၁၃၀,၀၀၀ိ/-)နှင့် (၁၀၇၆၇၈/-) တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၇) အိမ်ထောင်စုစာတို့အား  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လယ်ဝေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၁၅-၅-၂၀၂၅) ရက်နေ့၊ (၁၂:၃၀)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ပါသည်။


Source: DDM

 

 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr.Arnaud de Baecqueအားလက်ခံတွေ့ဆုံ
နိုင်ငံတကာမှကူညီထောက်ပံ့သည့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့်ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံအချိန်နှင့်တစ်ပြေးညီဖြန့်ဝေပေးလျက်ရှိ

MOS

DSW

DDM

DOR