ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်း ဥပဒေနှင့် နည်းဥပဒေများ အသိပညာပေးသင်တန်းအား ၁၇. ၉. ၂၀၂၅ ရက်၊ နံနက်  ၁၀း၀၀ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူး ဦးသက်လှိုင်ထွန်းမှ မန္တ‌လေးတိုင်းဒေသကြီးအတွင်း တည်ထောင်ခွင့်ပြု မိန့်လျှောက်ထားမည့် ပုဂ္ဂလိကမူလတန်းကြိုကျောင်းများမှ ဆရာ/ ဆရာမ (၅၀) ဦးခန့်အား ECCD ဥပဒေ/နည်းဥပဒေနှင့် ကလေးများအား သင်ကြားနိုင်ရေးအတွက် ECCD သင်တန်းမတက် ရောက်ရသေးသော ဆရာ/ဆရာမများအား သင်တန်းတက်ရောက်သွားရန်နှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်များ တည်ထောင်ခွင့်ပြုမိန့် လျှောက်ထားရာတွင်လိုအပ် သော အချက်အလက်များအား  ရှင်းလင်းပြောကြားခဲ့ပါသည်။

 

နောက်ဆုံးရသတင်းများ

မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးသို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၄) ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတို့ တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ဆွစ်ဇာလန်နိုင်ငံ၊ဂျီနီဗာမြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး Mr. Filippo Grandi အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာစိုးဝင်းပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့်တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ကြေးများပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

MOS

DSW

DDM

DOR