
မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူးရုံး၊ ကြီးကြပ်မှုအောက်ရှိ ဒေး၀န်းမူလတန်းကြိုကျောင်း၏ မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးသွားသော ကျောင်းဆောင်အဆောက်အဦများအတွက် ပြန်လည်ထူထောင်ရေးအနေဖြင့် World Vision International Myanmar မှလှူဒါန်းထားရှိသော ယာယီကျောင်းဆောင် (၇၀’x ၃၅’) အဆောက်အဦ ဆောက်လုပ်နေမှုအခြေအနေအား တိုင်းဒေသကြီးဦးစီးမှူး ဦးသက်လှိုင်ထွန်းမှ ၉.၁၀.၂၀၂၅ ရက်၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။