ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာလုပ်ငန်းကော်မတီအစည်းအဝေး(၁/၂၀၂၄)ကို (၁၅.၁.၂၀၂၄)ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနစုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာအစည်းအဝေးသို့ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းက တက်ရောက်ကာအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အတွင်း ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီကို ၂၁.၈.၂၀၂၃ ရက်နေ့တွင် အဖွဲ့ဝင် (၂၁)ဦးဖြင့် လည်းကောင်း၊ လုပ်ငန်းကော်မတီကို ၁၇.၁၀.၂၀၂၃ ရက်နေ့တွင် အဖွဲ့ဝင် (၂၅)ဦးဖြင့် လည်းကောင်း ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးဖြစ်၍ သတ်မှတ်ထားသော လုပ်ငန်းတာဝန်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်(၂၀၂၂-၂၀၂၃)ကို ၁၀.၁၁.၂၀၂၂ ရက်နေ့မှစ၍ အကောင်အထည်ဖော်လျက်ရှိပြီး ပထမ(၆)လအစီအရင်ခံကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ တင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းအစီအရင်ခံစာ ကောက်နုတ်ချက်ကို အင်္ဂလိပ်ဘာသာဖြင့် ပြုစုပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ  ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်ရုံး The Office Of the Special Representation of the Secretary General on Sexual Violance in Conflict (OSRSG-SVC) သို့ ရန်ကုန်မြို့ရှိကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးရုံး (UN-RCO) မှတစ်ဆင့် ပေးပို့ထားခဲ့ပါကြောင်း၊ ယခုအစည်းအဝေးတွင် ဒုတိယ(၆)လပတ် အစီအရင်ခံစာ(မူကြမ်း)အား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ တင်ပြနိုင်ရေးအတွက် လုပ်ငန်းကော်မတီဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးရန် ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းကော်မတီအစည်းအဝေး(၂/၂၀၂၃)၏အစည်းအဝေးဆုံးဖြတ်ချက်များအပေါ်ဆောင်ရွက်ပြီးစီးမှုများကို တင်ပြဆွေးနွေးပြီးနောက် အမျိုးသားအဆင့်လုပ်ငန်းစီမံချက်(၂၀၂၂-၂၀၂၃) အကောင်အထည်ဖော်မှုဒုတိယ(၆)လပတ်အစီရင်ခံစာ(မူကြမ်း)ရေးသားထားမှုကိုလူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးကတင်ပြပြီး တက်ရောက်လာသော လုပ်ငန်းကော်မတီဝင်များမှ အကြံပြုဆွေးနွေးခဲ့ကာ အစည်းအဝေးကိုနေ့လယ်(၁၂:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ လုပ်ငန်းကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း
တိုင်းဒေသကြီး အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီက ကြီးမှူး၍ စွန့်ပစ်ပစ္စည်းများဖြင့် သင်ထောက်ကူ ပစ္စည်းပြုလုပ်ခြင်း၊ အီကိုပရင့်သင်တန်း၊ ခြင်းတောင်းယက်နည်းသင်တန်း၊ အိတ်ချုပ်လုပ်နည်းသင်တန်း၊ အခြေခံပန်းချီသင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

MOS

DSW

DDM

DOR