ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၇၄) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားကို ၁၅-၁-၂၀၂၆ ရက်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် ကျင်းပယှဉ်ပြိုင်ကြသည့် ရိုးရာအားကစားပြိုင်ပွဲများတွင် ကယား ပြည်နယ်လူမှုဝန်ထမ်းရုံးလက်အောက်ရှိ လွိုင်ကော်မူလတန်းကြိုကျောင်း ရင်သွေးငယ် (၁၇၀) ဦး တို့မှ အားကစားနည်း (၁၀) မျိုးတို့ဖြင့် ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။ 

ထို့နောက်ဆုရရှိသော ရင်သွေးငယ်လေးများအား ပြည်နယ်လူမှုဝန်ထမ်းရုံး၊ ပြည်နယ်ဦးစီးမှူး ဒေါ်စိန်စိန်မော်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ

မဲခေါင်-ဂင်္ဂါပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အောက်ရှိမြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့်စီမံချက်အရအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနခွဲ (ရန်ကုန်) ဖွင့်လှစ်ခြင်းစီမံကိန်းပြီးမြောက်အောင်မြင်မှုအခမ်းအနားကျင်းပ

MOS

DSW

DDM

DOR