သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာတွင် (၁၀.၁.၂၀၂၂)ရက်နေ့မှ (၄.၃.၂၀၂၂)ရက်နေ့ အထိဖွင့်လှစ်ခဲ့သောသက်ကြီးရွယ်အိုများအတွက်ပြုစုစောင့်ရှောက်သူ(Caregiver) သင်တန်း(အခမဲ့) အပတ်စဉ်(၁၁) သင်တန်းဆင်းပွဲအခမ်းအနားအား (၄.၃.၂၀၂၂)ရက်နေ့ နံနက်(၀၉:၀၀)နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး လူမှုဝန်ထမ်းရုံး၌ ကျင်းပခဲ့ပြီး ညွှန်ကြားရေးမှူး ဒေါက်တာကေသီကျော်မှ သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီးနောက် သင်တန်းထူးချွန်ဆုနှင့် သင်တန်းဆင်း လက်မှတ်များအား ပေးအပ်ချီးမြှင့်ခဲ့ပါကြောင်း၊ ထို့နောက် သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဉီးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီးနောက် မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးပါသည်။

 အဆိုပါသင်တန်းသို့ သင်တန်းသား/သူ (၂၇)ဉီး တက်ရောက်ခဲ့ကြပြီး သက်ကြီးရွယ်အိုများအတွက် ပြုစုစောင့်ရှောက်သူ(Caregiver) သင်တန်းအပတ်စဉ်(၁)မှ အပတ်စဉ်(၁၁)ထိ ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး သင်တန်းတက်ရောက်ပြီးသူ စုစုပေါင်း(၃၀၂)ဉီးရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း
တိုင်းဒေသကြီး အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီက ကြီးမှူး၍ စွန့်ပစ်ပစ္စည်းများဖြင့် သင်ထောက်ကူ ပစ္စည်းပြုလုပ်ခြင်း၊ အီကိုပရင့်သင်တန်း၊ ခြင်းတောင်းယက်နည်းသင်တန်း၊ အိတ်ချုပ်လုပ်နည်းသင်တန်း၊ အခြေခံပန်းချီသင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

MOS

DSW

DDM

DOR