လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ကျုံလမ်းအုပ်စု၊ ကျုံလမ်းရွာနှင့် သုံးခွအုပ်စု၊ (သုံးခွ၊ ကျုံကလောင်နှင့် ကျုံတိုင်းကလေး) ကျေးရွာတို့၌ (၇-၄-၂၀၂၂)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ဘေးသင့်ခဲ့သည့်နေအိမ် (၁၂)လုံး၊ အိမ်ထောင်စု (၁၂)စုမှ လူဦးရေ (၅၂)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၅၇၀,၀၀ဝိ/-)၊ ဆန်ရိက္ခာဖိုး (၇)ရက်စာရန်ပုံငွေ (၁၀၉,၂၀ဝိ/-)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၆၇၉,၂၀ဝိ/-)၊ Surgical Mask (၁၀၄)ခုနှင့် တန်ဖိုး (၁၄၅,၆၀၈)ရှိ ကယ်ဆယ်ရေးပစ္စည်း (၁၈)မျိုးပါ (၃)ပုံးတို့အား (၈-၄-၂၀၂၂)ရက်နေ့တွင် ခရိုင်/ မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

နိုင်ငံတကာမှကူညီထောက်ပံ့သည့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့်ဆေးဝါးများအား ငလျင်ဘေးဒဏ်သင့်ပြည်သူများထံအချိန်နှင့်တစ်ပြေးညီဖြန့်ဝေပေးလျက်ရှိ
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ၊ကွင်းအမှတ်(၆၃၄-စီ)၊ ရေကျော်တောင်ကွင်း၌ ဖြစ်ပွားသော လေဘေးအတွက် ထောက်ပံ့မှုသတင်း

MOS

DSW

DDM

DOR