လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၇-၈-၂၀၂၂) ရက်နေ့ မိုးသည်းထန်စွာရွာသွမ်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊‌ အမှတ်(၁၄)ရပ်ကွက်၊ ဖိုးရာဇာလမ်းတွင် မိုးသည်းထန်စွာရွာသွန်းပြီးသစ်ပင်များပြိုလဲမှုကြောင့် လုံးဝပျက်စီးနေအိမ်(၁)လုံး၊ တစ်စိတ်တစ်ပိုင်နေအိမ်(၂)လုံး၊ စုစုပေါင်းနေအိမ်(၃)လုံး၊ အိမ်ထောင်စု(၃)စုအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၃၅,၇ဝဝ)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀၀,၀၀ဝ)ကျပ်နှင့် ကယ်ဆယ်ပစ္စည်း(၁၇)မျိုးပါ(၁)ပုံးတို့အား (၁၈-၈-၂၀၂၂) ရက်နေ့တွင် ရွှေပြည်သာမြို့နယ်အ‌‌ထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့‌ပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာစိုးဝင်းငလျင်ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းစီမံချက် (Recovery Plan) ရေးဆွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား
မန္တလေးငလျင်ကြီးကြောင့် တိုက်ပိ၊ တိုက်ပြားဖြစ်ပေါ်ခဲ့သော ဝန်ထမ်းအိမ်ရာ မြေညီထပ်အခန်းနေ ဝန်ထမ်းများအတွက် အခြေခံလိုအပ်သည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ

MOS

DSW

DDM

DOR