လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါင်မြို့နယ်၊ ဇင်းကျိုက်ရပ်ကွက်၊ ညောင်ကုန်းလေးကျေးရွာ၊ ပန်းကုန်းကျေးရွာ၊ မုတ္တမကျေးရွာ၊ လက်ပံကျွန်းကျေးရွာ၊ မုတ္တမ-ကျွဲခြံ​ကျေးရွာ၊ ကော့ထော်ကျေးရွာ၊ ကျိုက်ခတ်ငူကျေးရွာ၊ ဆားဖိုစုရပ်ကွက်၊ သပြေကုန်းကျေးရွာ၊ အဟောက် ကျေးရွာ၊ ကော့ကရင်ကျေးရွာ၊ သဲဖြူကုန်းကျေးရွာ၊ အလှပ်ကျေးရွာ၊ ဝဲပတန်ကျေးရွာ၊ လက်ပံတော ကျေးရွာ၊ ဥက္ကံကျေးရွာနှင့် သဗြုချောင်ကျေးရွာတို့၌ (၂၀/၂၁/၂၂-၅-၂၀၂၂)ရက်နေ့၊ (၁၁း၃၀) နာရီချိန် တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးလူနေအိမ် (၂၁)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၄,၂၀၀,၀၀၀/)၊ တစ်စိတ်တစ်ပိုင်းပျက်စီးလူနေအိမ် (၁၀၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅,၄၅၀,၀၀၀/)၊ စုစုပေါင်းလူဦးရေ (၅၅၅) ဦးတို့အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၁,၁၆၅,၅၀၀/)၊ အမိုးလန်ပျက်စီးခဲ့သည့် သင်ပေါင်းချောင်း ဘုန်းကြီးကျောင်း (၄) ကျောင်းအတွက် ​​ကျောင်း​​​ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (​​၂၀၀,၀၀၀/-)နှင့် ရေမျောသေဆုံးသူ (၁)ဦး အတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) စုစုပေါင်းထောက်ပံ့ငွေ (၁၁,၃၁၅,၅၀၀/-)အားလည်းကောင်း ပြိုကျပျက်စီးလူနေအိမ် (၂၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၂၁) အိမ်ထောင်စာ တန်ဖိုးငွေ စုစုပေါင်း( ၉၆၆၇၅၆/-)ကျပ်တို့အားလည်းကောင်း (၂၃-၅-၂၀၂၁)ရက်နေ့ (၁၄:၀၀)နာရီအချိန်တွင် ပေါင်​မြို့​နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့နှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


Source:        DDM


 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း
တိုင်းဒေသကြီး အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီက ကြီးမှူး၍ စွန့်ပစ်ပစ္စည်းများဖြင့် သင်ထောက်ကူ ပစ္စည်းပြုလုပ်ခြင်း၊ အီကိုပရင့်သင်တန်း၊ ခြင်းတောင်းယက်နည်းသင်တန်း၊ အိတ်ချုပ်လုပ်နည်းသင်တန်း၊ အခြေခံပန်းချီသင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

MOS

DSW

DDM

DOR