လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊  မြောင်းမြခရိုင်ဦးစီးမှူးရုံးနှင့် ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ဟင်္သာဒုံးကျေးရွာအုပ်စု ရွာမကျေးရွာတွင် (၁၅-၇-၂၀၂၂) ရက်နေ့ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ ပြောင်းနေအိမ်(၁၂)လုံး၊ လူဦးရေ(၅၉)ဦးတို့အတွက် Mask (၁၁၈)ခု၊ အိမ်ဆောက်ပစွည်းရန်ပုံငွေ (၁,၂ဝဝ,ဝဝဝိ/-)၊ ဆန်ရိက္ခာရန်ပုံငွေ(၁၂၃,၉၀ဝိ/)၊ စုစုပေါင်းရန်ပုံငွေ (၁,၃၂၃,၉ဝဝိ/-)နှင့် ဝါးခယ်မမြို့နယ်၊ အထက်ပေကုန်းကျေးရွာ အုပ်စု၊ ရွာမကျေးရွာနှင့် ကမ်းပြိုကျေးရွာ အုပ်စု၊ ရေကျော်ကျေးရွာတို့တွင်(၁၆-၇-၂၀၂၂)ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းနေအိမ်(၁၀)လုံး၊လူဦးရေ(၄၀)ဦးတို့အတွက် Mask(၈၀)ခု၊ အိမ်ဆောက် ပစွည်းရန်ပုံငွေ (၁,၀ဝဝ,ဝဝဝိ/-)၊ ဆန်ရိက္ခာရန်ပုံငွေ (၈၄,၀၀ဝိ/-)၊စုစုပေါင်း ရန်ပုံငွေ(၁,၀၈၄,ဝဝဝိ/-)အား(၁၉-၇-၂၀၂၂)ရက်နေ့၊  နေ့လည် (၁၄:ဝဝ)နာရီအချိန်တွင် မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ခရိုင်အုပ်ချုပ်ရေး မှူးရုံးမှတာဝန်ရှိ‌များ၊ ပို့ဆောင်ရေးတပ်မှတာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများတို့သည်ရွှေလောင်းမြို့၊ ဟင်္သာဒုံးအုပ်ချုပ်ရေးမှူး ရုံးနှင့် အထက်ပေကုန်းအုပ်ချုပ်ရေးမှူးရုံးတို့တွင် ဘေးသင့်ပြည်သူများထံ ကွင်းဆင်းထောက်ပံ့ခဲ့ပါသည်။


Source: DDM

 

နောက်ဆုံးရသတင်းများ

မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းမှ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု နှင့်ဝန်ဆောင်မှုရေးရာကော်မတီ(၈/၂၀၂၅)အစည်းအဝေးမှတ်တမ်းကောက်နုတ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား
မသန်စွမ်းသူများကိုယ်တိုင် ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက် လက်တွေ့စမ်းသပ်အသုံးပြုခြင်း အခမ်းအနားရန်ကုန်မြို့တွင် ဆောင်ရွက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးသွားသော ဒေး၀န်းမူလတန်းကြိုကျောင်း၏ ယာယီကျောင်းဆောင် အဆောက်အဦ ဆောက်လုပ်နေမှု အခြေအနေအား တိုင်းဒေသကြီး ဦးစီးမှူးကွင်းဆင်းစစ်ဆေး

MOS

DSW

DDM

DOR