၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာ Grade-12 အောင်မြင်သည့် လူမှုဝန်ထမ်းဦးစီးဌာန၊ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းမှ ကျောင်းသား (၂) ဦး၊ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းမှ ကျောင်းသား (၂) ဦး၊ အမျိုးသမီးကလေးများသင်တန်းကျောင်း (ရန်ကုန်) မှ ကျောင်းသူ (၂) ဦး၊ လပွတ္တာလူငယ့်အားမာန်သင်တန်းကျောင်းမှ ကျောင်းသူ (၂) ဦး၊ ကြည့်မြင်တိုင်မျက်မမြင်ကျောင်းမှ ကျောင်းသား(၁) ဦး၊ ကျောင်းသူ (၁)ဦး စုစုပေါင်းကျောင်းသား/ သူ (၁၀) ဦးအား တစ်ဦးလျှင် ကျပ် ၁၀၀,၀၀၀/- နှုန်းဖြင့် သက်ဆိုင်ရာကျောင်း၏ အလှူရန်ပုံငွေမှ ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို (၁၆.၆.၂၀၂၄)ရက်နေ့ နံနက် (၁၀:၀၀)နာရီတွင် လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (လုပ်ငန်း) မှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးခဲ့ပါကြောင်း၊ ဆုရကျောင်းသား/သူများကိုယ်စား လပွတ္တာလူငယ့်အားမာန်သင်တန်းကျောင်းမှ ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါကြောင်းနှင့် အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး၊ ခရိုင်လူမှုဝန်ထမ်းရုံးများနှင့် ဌာနငယ်/ သင်တန်းကျောင်းများမှ တာဝန်ရှိသူများ ဆုရကျောင်းသား/ သူများ စုစုပေါင်း (၄၀) ဦး တက်ရောက်ခဲ့ပါကြောင်းနှင့် အခမ်းအနားကို နံနက် (၁၁:၃၀) နာရီအချိန်တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။








နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း
တိုင်းဒေသကြီး အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီက ကြီးမှူး၍ စွန့်ပစ်ပစ္စည်းများဖြင့် သင်ထောက်ကူ ပစ္စည်းပြုလုပ်ခြင်း၊ အီကိုပရင့်သင်တန်း၊ ခြင်းတောင်းယက်နည်းသင်တန်း၊ အိတ်ချုပ်လုပ်နည်းသင်တန်း၊ အခြေခံပန်းချီသင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

MOS

DSW

DDM

DOR