မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်း သင်တန်းအား နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဇေယျာသီရိမြို့နယ်တွင် (၁၆--၂၀၂၄) ရက်နေ့မှ (၁၇--၂၀၂၄) ရက်နေ့အထိဖွင့်လှစ် ဆောင်ရွက်လျှက်ရှိရာ နေပြည်တော်မသန်စွမ်းသူများ အသင်းချုပ် ဥက္ကဋ္ဌ နှင့် မသန်စွမ်းသူများ၊ နည်းပညာပံ့ပိုးသူများအဖွဲ့ (TCG) အဖွဲ့ဝင်များ၊ လူမှုရေး အဖွဲ့အစည်းများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး သင်တန်းတွင် မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ မသန်စွမ်းသူများ၏အခွင့်အရေး များဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း(UNCRPD)၊ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်း လုပ်ငန်းအဆင့်ဆင့်၊ မသန်စွမ်းမှုစိစစ်ရန်အတွက် ပြုစုထားရှိ သည့် အသက်အရွယ်အလိုက်မေးခွန်းလွှာ () စုံတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည် ထူထောင်ရေးဦးစီးဌာနအနေဖြင့် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်း နှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းကို (၂၀၂၂ - ၂၀၂၃) ဘဏ္ဍာနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ စီမံကိန်းမြို့နယ် (၁၄) မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျှက် ရှိကြောင်း၊  ယခု (၂၀၂၄ -၂၀၂၅) ဘဏ္ဍာနှစ်အတွင်း နေပြည်တော် ပြည်ထောင်စုနယ်မြေရှိ မြို့နယ်အားလုံးတွင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်ကုန်အထိ စီမံကိန်းမြို့နယ်များမှ မိမိတို့ဆန္ဒအလျောက် မသန်စွမ်းသူ မှတ်ပုံတင်လက်မှတ်လျှောက်ထားလာသူ (၂၉၆၈) ဦးကို မသန်စွမ်းသူ မှတ်ပုံတင်လက်မှတ်များ ထုတ်ပေးထားပြီးဖြစ်ကြောင်းနှင့် မြို့နယ်များအလိုက် ထပ်မံလျှောက်ထားလာသည့် မသန်စွမ်း သူများ စိစစ်၍ မသန်စွမ်းသူမှတ်ပုံတင်လက်မှတ်များ ဆက်လက်ထုတ်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း
တိုင်းဒေသကြီး အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီက ကြီးမှူး၍ စွန့်ပစ်ပစ္စည်းများဖြင့် သင်ထောက်ကူ ပစ္စည်းပြုလုပ်ခြင်း၊ အီကိုပရင့်သင်တန်း၊ ခြင်းတောင်းယက်နည်းသင်တန်း၊ အိတ်ချုပ်လုပ်နည်းသင်တန်း၊ အခြေခံပန်းချီသင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

MOS

DSW

DDM

DOR