လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊မြောင်းမြ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ မြရတနာရပ်ကွက်၊ A(၆) လမ်း၌ (၂၉-၄-၂၀၂၅) ရက်နေ့ (၁၀:၄၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးနေအိမ် (၃) လုံး အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၄၀၀,၀၀ဝ/-)၊ တန်ဖိုး (၃၇၀,၃၃၄/-)ရှိ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(စက္ကူပုံးပါ)(၃)ပုံး၊ စုစုပေါင်းလူဦးရေ(၈)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၄၀,၀၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၄၄၀,၀၀၀/-) ကျပ်အား (၃၀-၄-၂၀၂၅) ရက်နေ့ (၁၅:၀၀)နာရီအချိန်တွင် မြောင်းမြမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ဘေးသင့် ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source: DDM