ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်း နှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်းအား (၃-၇-၂၀၂၄)ရက်နေ့မှ (၄-၇-၂၀၂၄)ရက်နေ့ အထိဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ လယ်ဝေးမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ် ဒုတိယဥက္ကဌ၊ နေပြည်တော် မသန်စွမ်းသူများအသင်းချုပ် ဥက္ကဋ္ဌနှင့် မသန်စွမ်းသူများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြ ပါသည်။

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင် ရေးဦးစီးဌာနအနေဖြင့် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်း ကို (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ မြို့နယ်အားလုံးတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့အထိ စီမံကိန်းမြို့နယ်များမှ ဆန္ဒအလျောက် မသန်စွမ်းသူမှတ်ပုံတင်လက်မှတ်လျှောက်ထားလာသူ (၂၄၅)ဦးကို မသန်စွမ်းသူမှတ်ပုံတင်လက်မှတ် များ ထုတ်ပေးထားပြီးဖြစ်ကြောင်းနှင့် စီမံကိန်းမြို့နယ်များအလိုက် ထပ်မံလျှောက်ထားလာသည့် မသန်စွမ်းသူများအားစိစစ်၍ မသန်စွမ်းသူမှတ်ပုံတင်လက်မှတ်များ ဆက်လက် ထုတ်ပေးသွားမည် ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း
တိုင်းဒေသကြီး အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီက ကြီးမှူး၍ စွန့်ပစ်ပစ္စည်းများဖြင့် သင်ထောက်ကူ ပစ္စည်းပြုလုပ်ခြင်း၊ အီကိုပရင့်သင်တန်း၊ ခြင်းတောင်းယက်နည်းသင်တန်း၊ အိတ်ချုပ်လုပ်နည်းသင်တန်း၊ အခြေခံပန်းချီသင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

MOS

DSW

DDM

DOR