လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂၁-၇-၂၀၂၂)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် မအူပင်မြို့နယ်၊ အလန်းကြီးကျေးရွာအုပ်စု၊ အလန်းကြီးကျေးရွာ၌ အမိုးလန်ပျက်စီးခဲ့သည့် နေအိမ်(၂)လုံး၊ အိမ်ထောင်စု (၂)စုမှ လူဦးရေ(၉)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၈,၉၀ဝိ/-) နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၆၀,၀၀ဝိ/-)၊ ကယ်ဆယ်ရေးထောက်ပံ့ရန်ပုံငွေ စုစုပေါင်း(၇၈,၉၀ဝိ/-)အားလည်းကောင်း၊ ထနီးကျေးရွာအုပ်စု၊ ထနီးရွာကြီးပိုင်းကျေးရွာ၌ (၂၁-၇-၂၀၂၂)ရက်နေ့တွင် ဖြစ်ပွားခဲ့သောကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ ရသည့်နေအိမ်(၃)လုံး၊ အိမ်ထောင်စု(၃)စုမှ လူဦးရေ(၉)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၁၈,၉၀ဝိ/-)နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀၀,၀၀ဝိ/-)၊ ကယ်ဆယ်ရေး ထောက်ပံ့ရန်ပုံငွေစုစုပေါင်း(၃၁၈,၉၀ဝိ/-)အားလည်းကောင်း (၂၂-၇-၂၀၂၂)ရက်နေ့တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ကွင်းဆင်းထောက်ပံ့ခဲ့ ပါသည်။

          အလားတူ ပန်းတနော်မြို့နယ်၊ ကျုံတိုင်းကလေး​ကျေးရွာအုပ်စု၊ ကျုံတိုင်းကလေး​ကျေးရွာ၌ (၂၁-၇-၂၀၂၂)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၄)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၈,၄၀ဝိ/-)နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀ဝိ/-)၊ ကယ်ဆယ်ရေး ထောက်ပံ့ရန်ပုံငွေစုစုပေါင်း(၁၀၈,၄၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ ပလတ်စတစ် လေးထောင့်ပုံး(၁)ပုံးအား (၂၂-၇-၂၀၂၂) ရက်နေ့တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ကွင်းဆင်းထောက်ပံ့ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းမှ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု နှင့်ဝန်ဆောင်မှုရေးရာကော်မတီ(၈/၂၀၂၅)အစည်းအဝေးမှတ်တမ်းကောက်နုတ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား
မသန်စွမ်းသူများကိုယ်တိုင် ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက် လက်တွေ့စမ်းသပ်အသုံးပြုခြင်း အခမ်းအနားရန်ကုန်မြို့တွင် ဆောင်ရွက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးသွားသော ဒေး၀န်းမူလတန်းကြိုကျောင်း၏ ယာယီကျောင်းဆောင် အဆောက်အဦ ဆောက်လုပ်နေမှု အခြေအနေအား တိုင်းဒေသကြီး ဦးစီးမှူးကွင်းဆင်းစစ်ဆေး

MOS

DSW

DDM

DOR