
မွန်ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများဖြစ်သော လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ(၃)ခု ၊အမျိုးသမီးဂေဟာ(၁)ခု၊ ဘိုးဘွားရိပ်သာ (၄)ခု၊ ကိုယ့်အားကိုယ်ကိုး မူလ တန်းကြိုကျောင်း(၈၆)ကျောင်းတို့အတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ(၂၀၂၅-၂၀၂၆)ဘဏ္ဍာရေးနှစ်၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ကြေးငွေများပေးအပ်ခြင်း အခမ်းအနားကို (၂၃.၉.၂၀၂၅)ရက်၊ နံနက်(၉း၃၀)နာရီအချိန်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ရာမညခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကအဖွင့်အမှာစကားပြောကြားပြီး ထောက်ပံ့ကြေးများကို ပရဟိတဂေဟာ(၄)ခု ကိုယ်စား (၁)ဦး အား ထောက်ပံ့ငွေကျပ် (၆၆.၂၈)သန်း အားလည်းကောင်း ဘိုးဘွားရိပ်သာ (၄)ခုကိုယ်စား၊ ကိုယ်စားလှယ်(၁)ဦးအား ထောက်ပံ့ငွေကျပ် (၁၃.၂၆၀)သန်းအား လည်းကောင်း၊ ကိုယ့်အား ကိုယ်ကိုးမူလတန်းကြိုကျောင်း(၈၆)ကျောင်း၏ကိုယ်စားဆရာမ(၂)ဦးအား ထောက်ပံ့ငွေကျပ် (၉၁.၁၆၀)သန်းအားလည်းကောင်း၊ မုဒုံမြို့နယ်တံခွန်တိုင်လူငယ်ရိပ်သာအား ကျပ်(၁)သိန်းအား အသီးသီးထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ထို့နောက် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ အားလုံးကိုယ်စား တောင်ဝိုင်းဘိုးဘွားရိပ်သာ ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးစိုးသန်းက ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို နံနက်(၁၀:၀၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။
အခမ်းအနားတွင် မွန်ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအားလုံးကို လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေ စုစုပေါင်းငွေကျပ် (၁၇၀.၈၀၂)သန်းအား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ အပါအဝင် စုစုပေါင်း(၁၆၀)ဦး တက်ရောက်ခဲ့ကြပါသည်။