လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၇-၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၀၀) အချိန်တွင် ဇေယျာသီရိမြို့နယ်အတွင်း ဆည်၊ မြစ်ချောင်းတလျှောက်ရှိ စည်ပင်ကြီးကျေးရွာ၊ ကျည်တောင်/ ခေါမကျေးရွာ၊ သာယာကျေးရွာ၊ ချောင်းကမ်းကြီးကျေးရွာ၊ မွန်းတည့်ခွင်ကျေးရွာ၊ စည်ပင်သာယာကျေးရွာနှင့် သဲကျွန်းကျေးရွာများတွင် မိုးတွင်းကာလတွင် ဖြစ်ပေါ်တတ်သည့် ရေဘေး၊ မြေပြို၊ ကမ်းပြိုဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား ပြည်သူများသိရှိနိုင်စေရန် အသိပညာပေးလိုက်လံနှိုးဆော်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးသွားသော ဒေး၀န်းမူလတန်းကြိုကျောင်း၏ ယာယီကျောင်းဆောင် အဆောက်အဦ ဆောက်လုပ်နေမှု အခြေအနေအား တိုင်းဒေသကြီး ဦးစီးမှူးကွင်းဆင်းစစ်ဆေး

MOS

DSW

DDM

DOR