၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားအား ကယားပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ၈-၃-၂၀၂၅ ရက်တွင် ကယားပြည်နယ်ခန်းမတွင် နံနက် ၀၉း၀၀ နာရီမှ စတင်၍ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကယားပြည်နယ်ဝန်ကြီးချုပ်၊ ကယားပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာမှ အကြီးအကဲများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာကော်မတီမှ အဖွဲ့ဝင်များနှင့် ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ပြည်နယ်ဦးစီးမှူး ဒေါ်စိန်စိန်မော်နှင့် ဝန်ထမ်းများ၊ မူလတန်းကြိုကျောင်းများမှ ဝန်ထမ်းများ စုစုပေါင်းအင်အား ၂၂၀ ဦးရေခန့်တက်ရောက်၍  ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးမှ အဖွင့်အမှာစကား ပြောကြားပြီး၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် ပြည်နယ်အတွင်းရှိ ထူးချွန်အမျိုးသမီးများအား တစ်ဦးလျှင် (၁) သိန်းကျပ်စီဖြင့် စုစုပေါင်း ထူးချွန်အမျိုးသမီး (၂၁) ဦးအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း၊ အခမ်းအနားတွင် အထက(၁)ကျောင်းမှ ကျောင်းသူလေး(၁)ဦးက "မင်္ဂလာရှိသောနေ့" သီချင်းဖြင့် ဖျော်ဖြေခြင်း၊ အခမ်းအနားသို့ တက်ရောက်လာကျသော ဧည့်သည်တော်များအား Video Clip ပြသခြင်း၊ လွိုင်ကော်မူလတန်းကြိုကျောင်းမှ သမီးငယ်လေးများ၏ တေးသရုပ်ဖော် အကပဒေသာဖြင့်လည်းကောင်း၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ သမီးငယ်လေးများ၏ တေးသရုပ်ဖော် အကပဒေသာဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ခဲ့ပြီး၊  အကပဒေသာဖြင့် တေးသရုပ်ဖော်ကပြဖျော်ဖြေခဲ့သော အဖွဲ့များအား ဆုငွေများချီးမြှင့်ပေးအပ်ပြီး အခမ်းအနားအား နံနက် ၁၀း၃၀ နာရီအထိ စည်းကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပပြုလုပ်ပြီးစီးခဲ့ပါသည်။

ထို့နောက် ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အခမ်းအနားသို့ တက်ရောက်လာကြသူများသည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်ပြခန်းအား လှည့်လည်ကြည့်ရှုကြပါသည်။



နောက်ဆုံးရသတင်းများ

အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း
တိုင်းဒေသကြီး အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီက ကြီးမှူး၍ စွန့်ပစ်ပစ္စည်းများဖြင့် သင်ထောက်ကူ ပစ္စည်းပြုလုပ်ခြင်း၊ အီကိုပရင့်သင်တန်း၊ ခြင်းတောင်းယက်နည်းသင်တန်း၊ အိတ်ချုပ်လုပ်နည်းသင်တန်း၊ အခြေခံပန်းချီသင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီက ကြီးမှူးဖွင့်လှစ်သော စွန့်ပစ်ပစ္စည်းများဖြင့် သင်ထောက်ကူပစ္စည်း ပြုလုပ်ခြင်းသင်တန်း ဖွင့်လှစ်

MOS

DSW

DDM

DOR