၂၀၂၂ခုနှစ်၊ မတ်လ(၈)ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီမှကြီးမှူး၍ (၉.၃.၂၀၂၂)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီဥက္ကဌ ဉီးအောင်ဝင်းသိန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဥပဒေချုပ် ဉီးဌေးအောင်မှ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာအား ဖတ်ကြားခဲ့ပါသည်။ ထို့နောက် အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်းနှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနတို့မှ ခင်းကျင်းပြသထားသည့် လက်မှုအထည်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။  


နောက်ဆုံးရသတင်းများ

မဲခေါင်-ဂင်္ဂါပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အောက်ရှိမြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့်စီမံချက်အရအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနခွဲ (ရန်ကုန်) ဖွင့်လှစ်ခြင်းစီမံကိန်းပြီးမြောက်အောင်မြင်မှုအခမ်းအနားကျင်းပ

MOS

DSW

DDM

DOR