လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၇-၂၀၂၄) ရက်​နေ့၊ မနက် (၀၈း၀၀) နာရီအချိန်မှ (၀၉း၃၀) နာရီအချိန်အထိ ကသာမြို့၊ ဧရာဝတီမြစ်ကမ်း​ဘေးရှိ ​ရပ်ကွက်နေပြည်သူများအား မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ဧရာဝတီမြစ်​ရေသည် ကသာမြို့၌ (၉၅၃) စင်တီမီတာတွင်​ရောက်ရှိ​နေပြီး စိုးရိမ်ရေအမှတ် (၁၀၄၀) စင်တီမီတာသို့ ​ရောက်ရှိလာနိုင်ပါသဖြင့်  ဧရာဝတီမြစ်ရေကြီးခြင်း နှင့်ပတ်သတ်၍ သတိပြု​နေထိုင်​ရေးနှင့် ကြိုတင်ပြင်ဆင်နိုင်​ရေး အသိ​ပညာပေး​နှိုးဆော်ခြင်းတို့ကို မီးသတ်ဦးစီးဌာန​၊ ပြန်​ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့နှင့်ပူး​ပေါင်း၍ အသိပေးနှိုးဆော်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Yasumasa Kimura အားလက်ခံတွေ့ဆုံ
မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းအား ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးမြို့နယ်နှင့် သနပ်ပင်မြို့နယ်တို့တွင် ကွင်းဆင်းဆောင်ရွက်

MOS

DSW

DDM

DOR