ငလျင်ဘေးသင့်ပြည်သူများအတွက်၂၄-၆-၂၀၂၅ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဝန်းသိုကျောင်းတိုက်မှဆရာတော် ဦးကေတုမာလာနှင့် သံဃာတော်များကဆန် ၂၄ ပြည်အိတ် ၃၀၀အိတ်နှင့် အောင်ဇေရန်အောင် ဆရာတော်ဦးဥတ္တမသီရိကဆန် ၂၄ပြည်အိတ် ၂၀၀အိတ်၊ စုစုပေါင်းဆန်၅၀၀အိတ်ကိုလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန(DMC)သို့ လာရောက်ပေးအပ်လှူဒါန်းရာအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ(၂) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းကလက်ခံရယူပြီးသက်ဆိုင်ရာဒါယိကာများသို့ ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
နောက်ဆုံးရသတင်းများ

အိမ်တွင်းလျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်းသင်တန်း (၅/၂၀၂၅) ဖွင့်ပွဲအခမ်းအနား
၀၂ အောက်တိုဘာ ၂၀၂၅

အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ
၀၁ အောက်တိုဘာ ၂၀၂၅
အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ ဂုဏ်ပြုအခမ်းအနားကျင်းပ
၀၁ အောက်တိုဘာ ၂၀၂၅

မြိတ်ခရိုင် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနားကျင်းပ
၀၁ အောက်တိုဘာ ၂၀၂၅

တနင်္သာရီတိုင်းဒေသကြီး အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ကျင်းပခြင်း
၀၁ အောက်တိုဘာ ၂၀၂၅


အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနားကျင်းပ(မော်လမြိုင်)
၀၁ အောက်တိုဘာ ၂၀၂၅

အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ်အခမ်းအနား
၀၁ အောက်တိုဘာ ၂၀၂၅

