• 13-9-2022


မသန်စွမ်းသူမှတ်ပုံတင်လက်မှတ်ရရှိပြီးသူများအား မသန်စွမ်းထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားကို လူမှုထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် နှင့် နေပြည်တောင်ကောင်စီဝင်ဦးမြင့်စိုးတို့ ဦးဆောင်ကျင်း

ခဲ့ပါသည်။ 


ပြည်ထောင်စုဝန်ကြီးက အဖွင့်မိန့်ခွန်းပြောကြားရာတွင် “၂၀၀၈ ခုနှစ် ဖွဲ့စည်း

ပုံအခြေခံဥပဒေတွင် နိုင်ငံတော်သည် မသန်စွမ်းသူများကို ကြည့်ရှုစောင့်ရှောက်ရမည်” ဟုဖော် ပြထားသည့်အပြင် မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်

ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း ကို ၂၀၁၁ ခုနှစ်တွင် အတည်ပြုလက်မှတ်ရေးထိုးထားပြီးမသန်စွမ်းသူများအတွက် ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုး

တက်ရေးလုပ်ငန်းများကိုလူ့အခွင့်အရေးစံနှုန်းများနှင့်အညီအကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်း နှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းများကို ကနဦးစီမံကိန်းနယ်မြေ (၄) ခုဖြစ်သည့် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တို့တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး တစ်နိုင်ငံလုံးရှိ မြို့နယ်အားလုံးကို လွှမ်းခြုံနိုင်စေရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယနေ့အခမ်းအနားတွင် ပုဗ္ဗသီရိမြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့မှ မိမိတို့ဆန္ဒအလျောက် မသန်စွမ်းမှတ်ပုံတင်လက်မှတ် လျှောက်ထားရယူခဲ့ကြသည့်  မသန်စွမ်းသူစုစုပေါင်း (၆၅၀)ဦးတို့အား မသန်စွမ်းထောက်ပံ့ ကြေး တစ်ဦးလျှင် ကျပ်သုံးသောင်းနှုန်းဖြင့် စုစုပေါင်း ကျပ်တစ်ရာကိုးဆယ့်ငါးသိန်းတိတိကို ထောက်ပံ့ပေးမှာဖြစ် ကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လမှ ယနေ့အထိ မသန်စွမ်းသူ (၃၉၂၉၇) အားအတွက် စုစုပေါင်းငွေကျပ် (၁၃၅. ၄၄၁ သန်း) ကို ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အ ရေးများဆိုင်ရာ အရင်းမပျောက်မတည်ရန်ပုံငွေကျပ် (၃) ဘီလီယံကိုလည်း အ လေအလွင့်မရှိစေဘဲ စနစ်တကျ တိုးပွားစေရေးအတွက် ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် အသေးစားငွေရေးကြေး ရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်း၍တိုးပွားအောင်ဆောင်ရွက်ပြီး မသန်စွမ်းသူများ၏ ပညာရေး၊ ကျန်းမာ ရေးစသည့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုး တက်စေရေးလုပ်ငန်းများနှင့် မသန်စွမ်းသူများအတွက် အကျိုးပြုလုပ်ငန်းများတွင်ထောက်ပံ့သုံးစွဲသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ 


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များကို ရှင်း လင်းပြောကြားခဲ့ပြီး နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ မသန်စွမ်းသူများအသင်း ဥက္ကဋ္ဌ ဒေါ်ခင်သီတာထွန်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ 

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီ ဝင် နှင့် ညွှန်ကြားရေးမှူးချုပ်များမှ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ အုပ်စု (၁၅) ခု၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်နှင့် အနောက်ပိုင်းမြို့နယ်တို့မှ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် မသန်စွမ်းကိုယ်စားလှယ်များအား မသန်စွမ်းထောက်ပံ့ကြေးပေး အပ်ခဲ့ကြပါ သည်။


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်တို့မူလတန်းကြိုကျောင်းမြေနေရာနှင့် ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံများကိုကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး/ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) ၏မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Mr. Michael Dunford အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်တို့မေတ္တာစိမ့်စမ်း မူလတန်းကြိုကျောင်း ဖွင့်ပွဲနှင့် ရှမ်းပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား များသို့တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကလောမြို့နယ်နှင့် ညောင်ရွှေမြို့နယ်ရှိ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအား ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေမှုများကြည့်ရှု့စစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(IOM) ၏အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူးဖြစ်သူ Mr. Iori Katoအားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Yasumasa Kimura အားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR