လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ သက္ကယ်ပြင်(သံ)ကျေးရွာအုပ်စု၊ ကညင်ရိုးကျေးရွာ၌  (၄-၇-၂၀၂၂)ရက်နေ့တွင်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်း အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု (၁)စုရှိ လူဦးရေ (၄)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-)၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈,၄၀ဝ/-) စုစုပေါင်းထောက်ပံ့ငွေ (၁၀၈,၄၀ဝ/-)ကျပ်နှင့် Surgical Mask (၈)ခုတို့ကိုလည်းကောင်း၊ (၅-၇-၂၀၂၂)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းအိမ်ခြေ (၂)လုံး၊ အိမ်ထောင်စု(၂)စုရှိ လူဦးရေ (၈)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၀၀,၀၀ဝ/-)၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၆,၈၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၆,၈၀ဝ/-) ကျပ်နှင့် Surgical Mask (၁၆)ခုတို့ကိုလည်းကောင်း၊ (၆-၇-၂၀၂၂) ရက်နေ့တွင် ဖြစ်ပွား ခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းအိမ်ခြေ (၃) လုံး၊ အိမ်ထောင်စု (၃)စုရှိ လူဦးရေ(၉) ဦး တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀ဝ/-) ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၈,၉၀ဝ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ‌ (၃၁၈,၉၀ဝ/-)ကျပ်နှင့် Surgical Mask (၁၈)ခုတို့ကိုလည်းကောင်း၊ စုစုပေါင်း ကမ်းပြိုဘေးသင့်အိမ်ခြေ (၆)လုံး၊ အိမ်ထောင်စု (၆ )စု၊ လူဦးရေ(၂၁)ဦးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၆၀၀,၀၀ဝ/-)၊ဆန်ရိက္ခာဖိုးငွေ (၄၄,၁၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေ‌ (၆၄၄,၁၀ဝ/-)ကျပ်နှင့် Surgical Mask (၄၂) ခုတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် ဦးစီးမှူးတို့နှင့်အတူ (၇-၇-၂၀၂၂) ရက်နေ့၊ (၁၆:၃၀)နာရီအချိန်တွင်‌ ဘေးဖြစ်ပွားရာကျေးရွာအုပ်စု  သို့သွားရောက်၍ ဘေးသင့်ပြည်သူများလက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။

Source: DDM

နောက်ဆုံးရသတင်းများ

မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းမှ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု နှင့်ဝန်ဆောင်မှုရေးရာကော်မတီ(၈/၂၀၂၅)အစည်းအဝေးမှတ်တမ်းကောက်နုတ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား
မသန်စွမ်းသူများကိုယ်တိုင် ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက် လက်တွေ့စမ်းသပ်အသုံးပြုခြင်း အခမ်းအနားရန်ကုန်မြို့တွင် ဆောင်ရွက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးသွားသော ဒေး၀န်းမူလတန်းကြိုကျောင်း၏ ယာယီကျောင်းဆောင် အဆောက်အဦ ဆောက်လုပ်နေမှု အခြေအနေအား တိုင်းဒေသကြီး ဦးစီးမှူးကွင်းဆင်းစစ်ဆေး

MOS

DSW

DDM

DOR