လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အမျိုးသားစီမံကိန်းဝန်ကြီးဌာန၊ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ပြန်ကြားရေးဝန်ကြီးဌာနတို့ပူးပေါင်းကျင်းပသည့်ဆက်သွယ်ရေး၊သတင်း၊ပြန်ကြားရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကိုယနေ့နံနက်ပိုင်းတွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းခန်းမ၌ပြုလုပ်သည်။အခမ်းအနားသို့လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊အမြဲတမ်းအတွင်းဝန်၊ညွှန်ကြားရေးမှူးချုပ်များ၊ဒုတိယအမြဲတမ်းအတွင်းဝန်၊ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်ဝန်ကြီးဌာနအသီးသီးမှအရာထမ်း၊အမှုထမ်းများတက်ရောက်ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာ၌စကားဝိုင်းဆွေးနွေးပွဲများကို၂၀၂၅ခုနှစ်၊အောက်တိုဘာလ (၁၃) ရက်နေ့တွင်ကျရောက်မည့်အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့အထိမ်းအမှတ်အကြိုအသိပညာပေးလှုပ်ရှားမှုအနေဖြင့်ကဏ္ဍအလိုက်(၅)ကြိမ်ဆောင်ရွက်ပြီးဖြစ်၍ယနေ့စကားဝိုင်းသည်ဆဌမမြောက်ဖြစ်ကာဆက်သွယ်ရေး၊သတင်း၊ပြန်ကြားရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဖြစ်ပါကြောင်း၊ဆက်သွယ်ရေး၊သတင်းနှင့်ပြန်ကြားရေးကဏ္ဍသည်ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းစဉ်၏ကာလ(၃)ခုတွင်အဓိကအရေးပါသောကဏ္ဍဖြစ်ပါကြောင်း၊ပို့ဆောင်ရေးကဏ္ဍတွင်ကားလမ်းများ၊ရထားလမ်းများ၊လေယာဉ်ကွင်းများနှင့်ချောင်းကူးမြစ်ကူးတံတားများကိုကွန်ရက်ဖြစ်အောင်တည်ဆောက်ထားခြင်းအားဖြင့်ဘေးအန္တရာယ်များကျရောက်ပါကရှာဖွေကယ်ဆယ်ရေးနှင့်ကူညီထောက်ပံ့ရေးကိစ္စများကိုအချိန်နှင့်တစ်ပြေးညီဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊သာဓကအားဖြင့်မန္တလေးငလျင်ကြီးဖြစ်ပွားပြီးနောက်တယ်လီဖုန်းနှင့်အင်တာနက်ဆက်သွယ်ရေးစနစ်များပြတ်တောက်ခဲ့သဖြင့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများအမြန်ဆုံးဆောင်ရွက်နိုင်ရန်အရေးပေါ်ဆက်သွယ်မှုကွန်ရက်စနစ်ဖြင့်ဆောင်ရွက်ခဲ့ရပါကြောင်း၊သတင်းအချက်အလက်များအချိန်မီပေးပို့နိုင်ရေး၊မှန်ကန်သည့်သတင်းများဖြစ်စေရေးသည်အရေးပါသကဲ့သို့သတင်းအမှားများကိုသိရှိရှောင်ရှားနိုင်ရေးသည်လည်းလွန်စွာအရေးကြီးပါကြောင်း၊ဘေးအန္တရာယ်ဆိုင်ရာကြိုတင်သတိပေးချက်များကိုနိုင်ငံပိုင်သတင်းမီဒီယာများ၊ဆက်သွယ်ရေးကွန်ရက်များကိုအသုံးပြုပြီးကျယ်ကျယ်ပြန့်ပြန့်ဖော်ပြ၍ကြိုတင်ပြင်ဆင်နိုင်ခြင်းဖြင့်ထိခိုက်ဆုံးရှုံးမှုကိုလျော့နည်းအောင်ဆောင်ရွက်နိုင်ခဲ့သည့်သာဓကများရှိခဲ့ပါကြောင်း၊ဘေးအန္တရာယ်စီမံခန့်ခွဲမှုအတွက်နိုင်ငံတော်ကကဏ္ဍအလိုက်ဆောင်ရွက်ပေးနေမှုများကိုပြည်သူများကျယ်ကျယ်ပြန့်ပြန့်နှင့်မှန်ကန်မြန်ဆန်စွာသိရှိရန်လိုအပ်ပါကြောင်း၊သဘာဝဘေးအန္တရာယ်များဖြစ်ပွားပြီးနောက်ပျက်စီးဆုံးရှုံးမှုစာရင်းများကောက်ယူခြင်း၊တိကျမှန်ကန်သောအချက်အလက်များမြန်ဆန်စွာရရှိခြင်းသည်ကူညီကယ်ဆယ်ရေး၊ထောက်ပံ့ရေး၊ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက်အဓိကကျပါကြောင်း၊ယနေ့စကားဝိုင်းဆွေးနွေးပွဲသည်ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍အကျိုးရှိသောဆွေးနွေးပွဲတစ်ခုဖြစ်သည့်အတွက်တက်ရောက်လာသူများအနေဖြင့်လေ့လာမှတ်သား၍ ထပ်ဆင့်မျှဝေပေးကြ စေလိုပါကြောင်းနှင့် မိမိတို့၏အတွေ့အကြုံများကိုလည်းဖလှယ်မျှဝေဆွေးနွေးမေးမြန်းပေးကြ စေလိုကြောင်းတိုက်တွန်းပြောကြားပါသည်။

စကားဝိုင်းဆွေးနွေးပွဲတွင်ဗဟိုစာရင်းအင်းအဖွဲ့၊ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှဘာသာရပ်ဆိုင်ရာတာဝန်ရှိသူများကကဏ္ဍအလိုက်ပါဝင်ဆွေးနွေးခဲ့ကြပြီးဝန်ကြီးဌာနများမှ အရာထမ်း၊အမှုထမ်းစုစုပေါင်း(၁၆၀)ဦးတက်ရောက်ကာသိရှိလိုသည်များအပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိသည်။

 

 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်အခြေခံပညာအလယ်တန်းနှင့်အထက်တန်းအဆင့်ပန်းချီပြိုင်ပွဲကြည့်ရှုအားပေး၊ ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ(မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဆက်သွယ်ရေး၊သတင်း၊ပြန်ကြားရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ လူငယ်သင်တန်းကျောင်းများနှင့် မသန်စွမ်းသင်တန်းကျောင်းများမှ အခြေခံပညာ Grade-12 အောင်မြင်သည့် ကျောင်းသား/သူများနှင့် ပညာရေးနှင့် အားကစားထူးချွန် ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုရေးပင်စင်၊စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့ပေးအပ်ခြင်းနှင့်ဆောက်လုပ်ရေး၊လမ်းတံတားနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအတွက် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) က ကျပ်သိန်း(၁၅၀)တန်ဖိုးရှိ အိမ်သုံးဆိုလာပစ္စည်းအစုံ (၁၅၀) လှူဒါန်းခြင်း

MOS

DSW

DDM

DOR