လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ (၂၃-၁၀-၂၀၂၅) ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်မှ (၁၂:၀၀)နာရီ အချိန်အထိ မြောင်းမြမြို့နယ်၊ သူနာပြုသင်တန်းကျောင်းတွင် ကျောင်းအုပ်ဆရာမကြီးနှင့်တကွ ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူ (၁၂၀)ဦးတို့အား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လုပ်ငန်း ဆောင်ရွက်နေမှုများ၊ ထောက်ပံ့ပေးမှုများ၊  သဘာဝဘေးနှင့်ပတ်သက်သည့်  ဆောင်ရန်/ ရှောင်ရန်များ၊ မီးခိုးညစ်ညမ်းမှုအကြောင်း၊ တောမီးအန္တရာယ်အကြောင်းနှင့် ပလတ်စတစ်ညစ်ညမ်းမှုအကြောင်း ဆောင် ရန်/ ရှောင်ရန်အချက်များအား ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်ဇင်ဝင်းမော်မှ ဦးဆောင်၍ ဆွေးနွေး ဟောပြောခဲ့ပြီး နံရံကပ်ပိုစတာနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး

နောက်ဆုံးရသတင်းများ

အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း
တိုင်းဒေသကြီး အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီက ကြီးမှူး၍ စွန့်ပစ်ပစ္စည်းများဖြင့် သင်ထောက်ကူ ပစ္စည်းပြုလုပ်ခြင်း၊ အီကိုပရင့်သင်တန်း၊ ခြင်းတောင်းယက်နည်းသင်တန်း၊ အိတ်ချုပ်လုပ်နည်းသင်တန်း၊ အခြေခံပန်းချီသင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီက ကြီးမှူးဖွင့်လှစ်သော စွန့်ပစ်ပစ္စည်းများဖြင့် သင်ထောက်ကူပစ္စည်း ပြုလုပ်ခြင်းသင်တန်း ဖွင့်လှစ်

MOS

DSW

DDM

DOR