လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်တို့ပူးပေါင်းဖွင့်လှစ်သော Leadership and Communication Skills နှင့် Project Cycle Management သင်တန်းဖွင့်ပွဲအခမ်းအနားအား (၁၃-၇-၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင်အဆိုပါဝန်ကြီးရုံး၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင်ယနေ့ဖွင့်လှစ်သည့် Leadership and Communication Skills နှင့် Project Cycle Management သင်တန်းသည်ဝန်ထမ်းတိုင်းသိသင့်သည့်ဘာသာရပ်များဖြစ်ကြောင်း၊ဝန်ထမ်းတစ်ဦးချင်း၏စွမ်းဆောင်ရည်ကောင်းမှဌာန၏စွမ်းဆောင်ရည်တိုးတက်ကောင်းမွန်မည်ဖြစ်ကြောင်း၊ ဌာန၏စွမ်းဆောင်ရည်ကောင်းမှနိုင်ငံအတွက်တိုးတက်မှုရှိသောရလဒ်ကောင်းများရရှိနိုင်မည်ဖြစ်ကြောင်း၊ Leadership Skillsသည်အဆင့်တိုင်းအတွက်လိုအပ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းအသစ်များခန့်ထားခဲ့ပြီးနောက် စွမ်းဆောင်ရည်မြှင့်တင်ရန် Digital Literacy  အပါအဝင်သင်တန်းများပို့ချပေးလျက်ရှိကြောင်း၊ယခုဖွင့်လှစ်သည့် Leadership and Communication Skills သင်တန်းသည်ဌာန၏ဆောင်ရွက်ချက်များပိုမိုထိရောက်အောင်မြင်လာစေရန် အထောက်အကူပြုနိုင်သောသင်တန်းဖြစ်ပါကြောင်း၊ တစ်ဦးနှင့်တစ်ဦးအားသာချက်နှင့်အားနည်းချက်တို့ကိုအပြန်အလှန်ဖြည့်ဆည်းပြီး ဝန်ကြီးဌာန၏မူဝါဒ၊မဟာဗျူဟာ၊စီမံချက်တို့ကိုထိရောက်အကျိုးရှိစွာအကောင်အထည်ဖော်ရန်လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်ကအမှာစကားပြောကြားရာတွင်ဝန်ကြီးဌာန၏သဘောသဘာဝအရပြည်သူလူထုနှင့်တိုက်ရိုက်ပူးပေါင်းဆောင်ရွက်ရသည့်အပြင်လူမှုရေးဆိုင်ရာပြသနာများကိုဖြေရှင်းဆောင်ရွက်ရသည့်အတွက် ဆင်ခြင်တုံတရားအရေးကြီးပါကြောင်း၊ ယခုဖွင့်လှစ်သည့် Leadership and Communication Skills နှင့် Project Cycle Managementသင်တန်းသည်အမှန်တကယ်အသုံးဝင်ကြောင်း၊ ပြည်သူလူထုအတွက်ကာလတို၊ကာလလတ်၊ ကာလရှည်စီမံကိန်းတို့ကိုထိရောက်စွာဆောင်ရွက်နိုင်ရန် ဝန်ထမ်းတစ်ဦးချင်းစီတိုင်း၏စွမ်းဆောင်ရည်များမြှင့်တင်နိုင်ရန်လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။

အဆိုပါသင်တန်းအား မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ပြုစုပျိုးထောင်ရေးနှင့်ပြန်လည်နေရာချထားရေး လုပ်ငန်းအဖွဲ့ခွဲမှအတွင်းရေးမှူးဒေါ်မေဖူးပွင့်စိုးမှသင်တန်းနည်းပြအဖြစ်(၁၃-၇-၂၀၂၂) ရက်နေ့မှ (၁၄-၇-၂၀၂၂) ရက်နေ့အထိဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပါသည်။

ယခုသင်တန်းဖွင့်ပွဲကို ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်၊ညွှန်ကြားရေးမှူးချုပ်၊ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှဒုတိယဥက္ကဋ္ဌ၊မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ပြုစုပျိုးထောင်ရေးနှင့်ပြန်လည်နေရာချထားရေးလုပ်ငန်းအဖွဲ့ခွဲမှအတွင်းရေးမှူးနှင့်သင်တန်းသား၊သင်တန်းသူများတက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းမှ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု နှင့်ဝန်ဆောင်မှုရေးရာကော်မတီ(၈/၂၀၂၅)အစည်းအဝေးမှတ်တမ်းကောက်နုတ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား
မသန်စွမ်းသူများကိုယ်တိုင် ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက် လက်တွေ့စမ်းသပ်အသုံးပြုခြင်း အခမ်းအနားရန်ကုန်မြို့တွင် ဆောင်ရွက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးသွားသော ဒေး၀န်းမူလတန်းကြိုကျောင်း၏ ယာယီကျောင်းဆောင် အဆောက်အဦ ဆောက်လုပ်နေမှု အခြေအနေအား တိုင်းဒေသကြီး ဦးစီးမှူးကွင်းဆင်းစစ်ဆေး

MOS

DSW

DDM

DOR