(၁၁-၆-၂၀၂၁) ရက်နေ့တွင် ကျွန်းစုမြို့နယ်၊ မအိုင်ကျေးရွာအုပ်စု၊ ပထက်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးသင့်ပြိုကျပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်၊ ဘေးသင့်လူဦးရေ(၁၈)ဦးအတွက် (၇) ရက်စာဆန်ရိက္ခာဘိုး (၃၇,၈၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၃၇,၈၀၀) ကျပ်၊ လေဘေးသင့်အိမ်ထောင်စု(၃)စုမှ အိမ်ထောင်စု(၁) စုအတွက် (၄၆,၀၃၆) တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါတစ်ပုံးတို့အား (၁၃-၆-၂၀၂၁) ရက်နေ့ (၁၁:၀၀) အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများက ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM


နောက်ဆုံးရသတင်းများ

မဲခေါင်-ဂင်္ဂါပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အောက်ရှိမြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့်စီမံချက်အရအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနခွဲ (ရန်ကုန်) ဖွင့်လှစ်ခြင်းစီမံကိန်းပြီးမြောက်အောင်မြင်မှုအခမ်းအနားကျင်းပ

MOS

DSW

DDM

DOR