ပုသိမ်ခရိုင်၊ ငပုတောမြို့၊ တောင်ပိုင်းရပ်ကွက်၊ မဥ္ဇူလမ်း မီးဘေးထောက်ပံ့ပြီးစီးမှုသတင်း ၀၇ မတ် ၂၀၂၄ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ပုသိမ်ခရိုင်၊ ငပုတောမြို့၊ တောင်ပိုင်းရပ်ကွက်၊ မဥ္ဇူလမ်းတွင် (၆.၃.၂၀၂၄)ရက်နေ့၊ (၁၇း၃၅)နာရီအချိန်၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ပျက်စီးခဲ့သောနေအိမ်(၁၀)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁,၄၀၀,၀၀ဝိ/-)၊ ဘေးသင့်လူဦးရေ(၂၈)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၅၈,၈၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၁,၄၅၈,၈၀ဝိ/-)နှင့် ထောက်ပံ့ငွေ (၅၅၃,၂၁၆/-) တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၁၀)အိမ်ထောင်စာ ၊ အလှူပစ္စည်း JICA စောင်(၁၀)ထည်နှင့် အိပ်ယာခင်း(၁၀)ခု၊ UNICEF တာပေါ်လင် (၁၀)လိပ်နှင့် ကာဘော်လိပ်ဆပ်ပြာ(၂၀)တောင့်တို့အား (၇.၃.၂၀၂၄)ရက်နေ့၊ (၁၂း၁၀)နာရီအချိန်တွင် သက်ဆိုင်ရာတာ၀န်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ လက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။Source: DDM
ကယားပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ “မြန်မာအမျိုးသမီးများနေ့” အထိမ်းအမှတ် အကြိုလှုပ်ရှားမှု ရပ်ရွာအခြေပြုပန်းအလှပြင်သင်တန်းဆင်းပွဲ အခမ်းအနား ၁၂ ဇွန် ၂၀၂၆
လှိုင်းဘွဲမြို့နယ်၊ (ဃ)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း ၁၂ ဇွန် ၂၀၂၆
မဲခေါင်-ဂင်္ဂါပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အောက်ရှိမြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့်စီမံချက်အရအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနခွဲ (ရန်ကုန်) ဖွင့်လှစ်ခြင်းစီမံကိန်းပြီးမြောက်အောင်မြင်မှုအခမ်းအနားကျင်းပ ၁၀ ဇွန် ၂၀၂၆
ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်သောဆန်၊ စားသုံးဆီအပါအဝင် ထောက်ပံ့ရေးနှင့် တည်ဆောက်ရေးပစ္စည်းများဆက်လက်ပို့ဆောင် ၀၉ ဇွန် ၂၀၂၆
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်မှုသတင်း ၀၉ ဇွန် ၂၀၂၆