လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊‌ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂-၅-၂၀၂၂  ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ ထိပ်ဝကြီးကျေးရွာအုပ်စု၊ ထိပ်ဝကြီးကျေးရွာနှင့် မြမ္မာပြာသာကျေးရွာအုပ်စု၊ မြမ္မာပြာသာကျေးရွာတို့၌ ဖြစ်ပွားခဲ့သောလေဘေး ကြောင့်  ပြိုကျနေအိမ် (၅၀)လုံး၊ အမိုးလန်နေအိမ် (၈၇)လုံး၊ စုစုပေါင်းနေအိမ် (၁၃၇)လုံးတို့မှ အိမ်ထောင်စု (၁၃၇)စု၊ လူဦးရေ (၅၈၄)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ ပလပ်စတစ်ပုံး(၅၀)၊ ဆန်ရိက္ခာ ၇ ရက်စာဖိုးငွေ(၁,၂၂၆,၄၀ဝိ/-)နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၇,၆၁၀,၀၀ဝိ/-) စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၈,၈၃၆,၄ဝိ/-)အား (၆-၅-၂၀၂၂)ရက်နေ့ (၁၀:၃၀)အချိန်တွင် ညောင်တုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ သက်ဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ လေဘေးသင့်ပြည်သူများ လက်ဝယ်‌အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးသွားသော ဒေး၀န်းမူလတန်းကြိုကျောင်း၏ ယာယီကျောင်းဆောင် အဆောက်အဦ ဆောက်လုပ်နေမှု အခြေအနေအား တိုင်းဒေသကြီး ဦးစီးမှူးကွင်းဆင်းစစ်ဆေး

MOS

DSW

DDM

DOR