လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ သနပ္ပင်စုကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာတွင် (၃၁-၈-၂၀၂၁)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေတိုက်စား၍ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ခြေ (၇)လုံး၊ အိမ်ထောင်စု (၇)စုမှ လူဦးရေ (၁၇)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၇၀၀,၀၀၀ိ/-)နှင့် ဆန်ရိက္ခာဖိုး (၃၅,၇၀၀ိ/-)၊ စုစုပေါင်း (၇၃၅,၇၀၀ိ/) ၎င်းကျေးရွာတွင် (၂-၉-၂၀၂၁)ရက်နေ့၌ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ခြေ (၁၀)လုံး၊ အိမ်ထောင်စု (၁၀)စုမှ လူဦးရေ (၄၃)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁,၀၀၀,၀၀၀ိ/-)နှင့် ဆန်ရိက္ခာဖိုး(၉၀,၃၀၀ိ/-)၊ စုစုပေါင်း(၁,၀၉၀,၃၀၀ိ/-)၊ ထောက်ပံ့မှုရန်ပုံငွေစုစုပေါင်း (၁,၈၂၆,၀၀၀ိ/-)အား (၃-၉-၂၀၂၁)ရက်နေ့ (၁၂း၀၀)နာရီအချိန်တွင် မင်းဘူးခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ အဖွဲ့ဝင်များနှင့်အတူ ဘေးဖြစ်ပွားရာနေရာသို့ သွားရောက်ကွင်းဆင်း၍ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

 

Source: DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Yasumasa Kimura အားလက်ခံတွေ့ဆုံ
မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းအား ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးမြို့နယ်နှင့် သနပ်ပင်မြို့နယ်တို့တွင် ကွင်းဆင်းဆောင်ရွက်

MOS

DSW

DDM

DOR