လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ  တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကမ်းပြိုကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာ၌ (၂၄-၇-၂၀၂၄) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့်  ပြောင်းရွှေ့ခဲ့ရသော  လူနေအိမ်(၂)လုံးနှင့် ဘေးသင့်ပြည်သူ (၈)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀ိ/-)၊  ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ  (၁၆,၈၀၀ိ/-)၊  စုစုပေါင်းထောက်ပံ့ငွေ(၂၁၆,၈၀၀ိ/-)အား  (၂၆-၇-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ်၊ ရွှေလောင်းမြို့ အုပ်ချုပ်ရေးမှူးရုံးတွင်  ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါသည်။

Source : DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Yasumasa Kimura အားလက်ခံတွေ့ဆုံ
မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းအား ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးမြို့နယ်နှင့် သနပ်ပင်မြို့နယ်တို့တွင် ကွင်းဆင်းဆောင်ရွက်

MOS

DSW

DDM

DOR