လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု အသိပညာပေးသင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး ၌ (၂၉-၆-၂၀၂၁)ရက်နေ့တွင် ကျင်းပခဲ့ရာ မိခင်နှင့်ကလေးပြုစုစောင့်ရှောက်ရေးအသင်း၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးမှူးရုံး၊ ကြက်ခြေနီအသင်း၊ မီးသတ်တပ်ဖွဲ့မှကိုယ်စားလှယ် စုစုပေါင်း (၃၄)ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းကြီး(၇)ရပ်နှင့် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုလုပ်ငန်းစဉ်အကြောင်းကို တက်ရောက်လာသည့် ဌာန၊ အဖွဲ့အစည်းများ ကြား ပူးပေါင်းလာမှုအားကောင်းစေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Yasumasa Kimura အားလက်ခံတွေ့ဆုံ
မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းအား ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးမြို့နယ်နှင့် သနပ်ပင်မြို့နယ်တို့တွင် ကွင်းဆင်းဆောင်ရွက်

MOS

DSW

DDM

DOR