လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၅-၂၀၂၂)ရက်နေ့ (၁၀း၀၀)နာရီ အချိန်ခန့်တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာအုပ်စု၊ ကုလားစု ကျေးရွာတွင်  ကမ်းပါးပြိုကျမှုကြောင့်  ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် လူနေအိမ် (၇)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၇၀၀၀၀ဝ/-)ကျပ်နှင့် လူဦးရေစုစုပေါင်း (၂၅)ဦးတို့အတွက်  (၇)ရက်စာဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၅၂,၅၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ( ၇၅၂၅၀၀/-) ကျပ်အား (၂၆-၅-၂၀၂၂)ရက်နေ့ (၁၄:၃၀) နာရီအချိန်ခန့်တွင် ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံး ၌ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

မဲခေါင်-ဂင်္ဂါပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အောက်ရှိမြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့်စီမံချက်အရအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနခွဲ (ရန်ကုန်) ဖွင့်လှစ်ခြင်းစီမံကိန်းပြီးမြောက်အောင်မြင်မှုအခမ်းအနားကျင်းပ

MOS

DSW

DDM

DOR