အာဆီယံဥက္ကဋ္ဌ ၊ ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး H.E. Dato Erywan Pehin Yusof နှင့် အာဆီယံအတွင်းရေးမှူးချုပ် H.E. Dato Lim Jock Hoi တို့၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်အား ၄-၆-၂၀၂၁ ရက်နေ့ ညနေပိုင်းတွင် လာရောက်တွေ့ဆုံခဲ့သည်။

         တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွင် အာဆီယံက မြန်မာနိုင်ငံနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး၊ အာဆီယံနှင့် ပူးပေါင်း၍ ရခိုင်ပြည်နယ်အတွက် လက်ရှိဆောင်ရွက်နေသော ဦးစားပေး စီမံကိန်း (၇) ရပ်ကို ဆက်လက်အကောင်အထည်ဖော်ရေးနှင့် ကျန်ရှိနေသေးသော စီမံကိန်းများအတွက် အာဆီယံက နိုင်ငံတကာအလှူရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ရေး၊ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အတွက် စတုတ္ထအကြိမ်မြောက်  အဆင့်မြင့်အရာရှိကြီးများ ညှိနှိုင်းအစည်းအဝေး (4th High Level Coordinating Meeting )ကို ဇွန်လကုန်တွင် ကျင်းပနိုင်ရေးနှင့် အာဆီယံကတဆင့် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီများပေးအပ်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ ကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

မဲခေါင်-ဂင်္ဂါပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အောက်ရှိမြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့်စီမံချက်အရအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနခွဲ (ရန်ကုန်) ဖွင့်လှစ်ခြင်းစီမံကိန်းပြီးမြောက်အောင်မြင်မှုအခမ်းအနားကျင်းပ

MOS

DSW

DDM

DOR