ASEAN – IPR Discussion Series 2022, Session 3: Protection and Promotion of Human Rights for Sustainable Peace အစည်းအဝေးအား (၂၃.၈.၂၀၂၂)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၃:၃၀မှ၁၆:၀၀) နာရီအထိ Virtually ဖြင့်ကျင်းပပြုလုပ်ခဲ့ရာ အာဆီယံအမျိုးသမီးငြိမ်းချမ်းရေးနှင့် မှတ်ပုံတင်ကဏ္ဍမှအဖွဲ့ဝင်အဖြစ်ပါဝင်ဆောင်ရွက်လျက်ရှိသည့် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါ်ခင်မေနုနှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ခံများ တက်ရောက်ခဲ့ပါသည်။ 

အဆိုပါ ဆွေးနွေးပွဲတွင် ပဋိပက္ခဖြစ်ပွားရာဒေသများ၌ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာကိစ္စရပ်များ၊ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်း၊ အပြည်ပြည်ဆိုင်ရာဥပဒေများနှင့်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် ဆောင်ရွက်မည့်လုပ်ငန်းယန္တရားများနှင့် ကျား၊မရေးရာရှုထောင့်မှ ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များ၊ ရေရှည်တည်တံ့ဖွံ့ဖြိုးနိုင်မည့် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ (Sustainable Peace)နှင့် စိန်ခေါ်မှုများဆိုင်ရာ ခေါင်းစဉ်များအား ဆွေးနွေးခဲ့ကြပါသည်။ 



နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း
တိုင်းဒေသကြီး အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီက ကြီးမှူး၍ စွန့်ပစ်ပစ္စည်းများဖြင့် သင်ထောက်ကူ ပစ္စည်းပြုလုပ်ခြင်း၊ အီကိုပရင့်သင်တန်း၊ ခြင်းတောင်းယက်နည်းသင်တန်း၊ အိတ်ချုပ်လုပ်နည်းသင်တန်း၊ အခြေခံပန်းချီသင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

MOS

DSW

DDM

DOR