လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာအုပ်စု၊ ကုလားစုကျေးရွာ၌ (၁-၇-၂၀၂၁) ရက်နေ့ (၁၄:၀၀) နာရီအချိန်ခန့်တွင် ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသည့် လူနေအိမ် (၈) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ စုစုပေါင်း (၂၆)ဦးတို့အတွက်  (၇) ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၄,၆၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၈၅၄,၆၀၀/-) ကျပ်တို့အားလည်းကောင်း၊ ပေါင်မြို့နယ်၊ ဖြူဘကျေးရွာအုပ်စု၌ (၃-၇-၂၀၂၁) ရက်နေ့ (၀၃:၃၀) နာရီအချိန်ခန့်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀,၀၀၀/-)ကျပ်နှင့် လူဦးရေစုစုပေါင်း (၄)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈,၄၀၀/-) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၅၈,၄၀၀/-) ကျပ်တို့အားလည်းကောင်း (၈-၇-၂၀၂၁) ရက်နေ့ (၁၂:၃၀) နာရီအချိန်ခန့်တွင် ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ (၃)မိုင်မြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းခန်းမ၌ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)တွင် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးဆိုင်ရာ ဝန်ထမ်းများစွမ်းရည်မြှင့်သင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ
မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)တွင် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးဆိုင်ရာ ဝန်ထမ်းများစွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

MOS

DSW

DDM

DOR