လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင် ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ အမှတ်(၈)လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စုရုံး၊ အမှတ်(၇၀)ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံးတို့နှင့် ပူးပေါင်း၍ (၉-၁-၂၀၂၅)ရက်နေ့၊ (၀၉:၃၀)အချိန်မှ (၁၂:၀၀) အချိန်ထိ ဘားအံမြို့၊ အ.ထ.က(ဘားကပ်)စာသင်ကျောင်းတွင် အသိပညာ​ပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းဆရာ/မ (၁၀)ဦးနှင့် ကျောင်းသား/သူ (၂၇၀)ဦး၊ စုစုပေါင်း (၂၈၀)ဦးတို့တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ  သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များ၊ တောမီးအန္တရာယ်နှင့်ရာသီ ဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများနှင့် အရေးပေါ်အခြေအနေများဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ ပြန်လည်ထူထောင်ရေးဦးစီး ဌာနမှ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးကိစ္စရပ်များ၊ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံခြင်း၊ ဝင်ဆံ့ ပေါင်းစည်းပေးခြင်း၊ ထူထောင်ပေးခြင်းကိစ္စရပ်များနှင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ အမှတ် (၈) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စုရုံးမှ လူကုန်ကူးမှုဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း၊ အမှတ် (၇၀) ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံးမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအားလည်းကောင်း ဟောပြောဆွေးနွေးခဲ့ပြီး ဘေး(၉) မျိုး အသိပညာပေးလက်ကမ်းစာစောင် (၄၅၀)စောင်အား ကျောင်းသား/သူများထံ ဝေငှပေးခြင်း၊  ကျောင်းစာကြည့်တိုက်အတွက် ရေဘေး၊ မုန်တိုင်းဘေး၊ မီးဘေး၊ ငလျင်ဘေး (တိုင်းရင်းသားဘာသာစကား) လက်ကမ်းစာစောင်(၁၀၀)စောင်အား ပေးအပ်ခြင်း၊ ​ကျောင်းဝန်းအတွင်း  မီးဘေးအသိပညာပေး (၄x၅) ပေ ဗီနိုင်းပိုစတာ ကပ်နှံနိုင်ရေးအတွက် ဗီနိုင်းပိုစတာပေးအပ်ခြင်းစသည်တို့ ဆောင်ရွက်ခဲ့ပါသည်။ 


Source:  DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်တို့မူလတန်းကြိုကျောင်းမြေနေရာနှင့် ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံများကိုကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး/ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) ၏မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Mr. Michael Dunford အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်တို့မေတ္တာစိမ့်စမ်း မူလတန်းကြိုကျောင်း ဖွင့်ပွဲနှင့် ရှမ်းပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား များသို့တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကလောမြို့နယ်နှင့် ညောင်ရွှေမြို့နယ်ရှိ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအား ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေမှုများကြည့်ရှု့စစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(IOM) ၏အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူးဖြစ်သူ Mr. Iori Katoအားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Yasumasa Kimura အားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR