မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပသည့် (၁၁)ကြိမ်မြောက် အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်များအခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးကော်မရှင် (ACWC)နှင့် အာဆီယံအမျိုးသမီးကော်မတီ (ACW) တို့၏ ညှိနှိုင်းအစည်းအဝေးနှင့် (၂၃)ကြိမ်မြောက် အာဆီယံအမျိုးသမီးကော်မတီအစည်းအဝေးများကို  နေပြည်တော်ရှိ M-Gallery Hotel ၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးများသို့ အာဆီယံဒုတိယအတွင်းရေးမှူးချုပ်၊ ဉီးစံလွင်၊ အာဆီယံအမျိုးသမီးနှင့်ကလေးသူငယ်များအခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးကော်မရှင်၏ ကလေးသူငယ်အခွင့်အရေးကိုယ်စားလှယ်ဖြစ်သူ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြား‌ရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေး၊  အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်များ အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးကော်မရှင်၏ အမျိုးသမီးအခွင့်အရေး ကိုယ်စားလှယ်ဖြစ်သူ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ၊ ဒေါက်တာသက်သက်ဇင်၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြား‌ရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာကိုယ်စားလှယ်များက In-person ဖြင့်လည်းကောင်း၊ အာဆီယံနိုင်ငံများမှ ACWC နှင့် ACW ကိုယ်စားလှယ်များက Online ဖြင့်လည်း ကောင်းတက်ရောက်ခဲ့ကြပါသည်။

(၁၁)ကြိမ်မြောက်အာဆီယံအမျိုးသမီးနှင့်ကလေးသူငယ်များအခွင့်အရေးမြှင့်တင်ရေးနှင့်ကာကွယ်စောင့်ရှောက်ရေး ကော်မရှင်နှင့် အာဆီယံအမျိုးသမီးကော်မတီညှိနှိုင်းအစည်းအဝေးတွင် လာအိုပြည်သူ့ဒီမိုကရစ်တစ်နိုင်ငံမှ ACW (Women’s Rights) နှင့် မလေးရှားနိုင်ငံမှACW (Women’s Rights) တို့က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြပြီး အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ အာဆီယံဒေသတွင်း လုပ်ငန်းစီမံချက် (RPA-EVAW)နှင့်  ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ အာဆီယံ ဒေသတွင်းလုပ်ငန်းစီမံချက် (RPA-EVAC) အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ Gender Mainstreaming ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။ 

(၂၃)ကြိမ်မြောက် အာဆီယံအမျိုးသမီးကော်မတီအစည်းအဝေးတွင် ACW Myanmarက သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး ACWC Work Plan(2021-2025)တွင် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းအခြေအနေများ၊အမျိုးသမီးငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိစ္စရပ်များ၊ Gender Mainstreaming ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။ 

အဆိုပါ (၂၃)ကြိမ်မြောက် အာဆီယံအမျိုးသမီးကော်မတီအစည်းအဝေးအား ၂၈.၁၁.၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင်လည်းကောင်း၊ (၁၆)ကြိမ်မြောက် အာဆီယံအမျိုးသမီးကော်မတီ အစည်းအဝေး+၃အားနေ့လယ်ပိုင်းတွင် လည်းကောင်း၊၂၉.၁၁.၂၀၂၄ရက်နေ့တွင် (၅)ကြိမ်မြောက် အာဆီယံအမျိုးသမီးရေးရာဝန်ကြီးများအဆင့်အစည်းအဝေးကိုလည်းကောင်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။  




နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်တို့မူလတန်းကြိုကျောင်းမြေနေရာနှင့် ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံများကိုကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး/ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) ၏မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Mr. Michael Dunford အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်တို့မေတ္တာစိမ့်စမ်း မူလတန်းကြိုကျောင်း ဖွင့်ပွဲနှင့် ရှမ်းပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား များသို့တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကလောမြို့နယ်နှင့် ညောင်ရွှေမြို့နယ်ရှိ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအား ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေမှုများကြည့်ရှု့စစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(IOM) ၏အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူးဖြစ်သူ Mr. Iori Katoအားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Yasumasa Kimura အားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR