လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးနှင့်တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသူရသွင်ကိုကို၊ မင်းဘူးခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များသည် မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ကျေးရွာများတွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့်(၂-၉-၂၀၂၁)ရက်နေ့၌ ပြောင်းရွှေ့ရေဘေးသင့်အိမ်ထောင်စု(၂၀၇)စုမှ လူဦးရေ(၅၇၅)ဦးနှင့် (၃-၉-၂၀၂၁)ရက်နေ့၌ အိမ်ထောင်စု(၈၀၃)စုမှ လူဦးရေ(၂၄၇၆)ဦးအနက် (နီးစပ်ရာဆွေမျိုးအိမ်တွင် ပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စု(၄၁)စုမှ လူဦးရေ(၁၇၆)ဦးမှအပ) ကျန်အိမ်ထောင်စု(၇၆၂)စုမှ လူဦးရေ(၂၃၀၀)ဦး၊ စုစုပေါင်းဘေးသင့်အိမ်ထောင်စု(၉၆၉)စုမှ လူဦးရေ(၂၈၇၅)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ(၆,၀၃၇,၅၀၀/-)ကျပ်အား ဖောင်းလင်းကျေးရွာအုပ်​စု၊ ရွှေစောလူးဘုရားကုန်း၊ မြောက်ရှားတောဓမ္မာရုံနှင့် ရွှေဘုံသာတန်ဆောင်းတို့တွင် (၅-၉-၂၀၂၁)ရက်နေ့ (၁၁း၀၀)နာရီအချိန်၌ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးသွားသော ဒေး၀န်းမူလတန်းကြိုကျောင်း၏ ယာယီကျောင်းဆောင် အဆောက်အဦ ဆောက်လုပ်နေမှု အခြေအနေအား တိုင်းဒေသကြီး ဦးစီးမှူးကွင်းဆင်းစစ်ဆေး

MOS

DSW

DDM

DOR