လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်ကျေးရွာအုပ်စု၌ တောင်ပေါ်မြေပြိုကျမှုကြောင့် လုံးဝပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စု( ၂)စု အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀၀၀ဝ)၊ လူဦးရေ (၄)ဦးအတွက် (၇)ရက်စာ ဆန်ဖိုးငွေ (၈၄၀၀)၊ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၂)ပုံး(ကယ်ဆယ်ရေးပစ္စည်းတန်ဖိုးငွေ (၉၂၀၇၂)နှင့် သေဆုံးသူ (၁)ဦးအတွက်ထောက်ပံ့ငွေ (၃၀၀၀၀၀) တို့အား (၂၇.၇.၂၀၂၁)ရက်နေ့. (၁၀:၀၀)အချိန်ခန့်တွင် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေး​ကောင်စီအဖွဲ့ဝင် ဦးအောင်ကြည်သိန်း၊ ချောင်းဆုံမြိုနယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါသည်။ ၎င်းနောက် ကျန်ရှိသောလေဘေးသင့် အိမ်ထောင်စုများနှင့် မြေပြိုဘေးသင့်အိမ်ထောင်စုများအား ဆက်လက်ထောက်ပံ့သွားမည် ဖြစ်ပါသည်

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Yasumasa Kimura အားလက်ခံတွေ့ဆုံ
မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းအား ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးမြို့နယ်နှင့် သနပ်ပင်မြို့နယ်တို့တွင် ကွင်းဆင်းဆောင်ရွက်

MOS

DSW

DDM

DOR