(၂၁.၇.၂၀၂၂)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီမှူးရုံးမှ တာဝန်ရှိသူ များသည်  မြိတ်မြို့နယ်၊ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူများ သဘာဝဘေးအန္တရာယ်အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူ (၂၆၈)ဦး တက်ရောက်ခဲ့ပြီး သဏ္ဍာန်တူသရုပ်ပြဆောင်ရွက်ခြင်း၊ ဟောပြောသည့်အကြောင်းအရာများကို အမေးအဖြေ ပြုလုပ်၍ ပြန်လည်ဖြေဆိုပေးကြသူများအတွက်  ဦးထုပ်များချီးမြှင့်ပေးအပ်ခြင်းနှင့် လက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများနှင့် Mask များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းမှ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု နှင့်ဝန်ဆောင်မှုရေးရာကော်မတီ(၈/၂၀၂၅)အစည်းအဝေးမှတ်တမ်းကောက်နုတ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား
မသန်စွမ်းသူများကိုယ်တိုင် ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက် လက်တွေ့စမ်းသပ်အသုံးပြုခြင်း အခမ်းအနားရန်ကုန်မြို့တွင် ဆောင်ရွက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးသွားသော ဒေး၀န်းမူလတန်းကြိုကျောင်း၏ ယာယီကျောင်းဆောင် အဆောက်အဦ ဆောက်လုပ်နေမှု အခြေအနေအား တိုင်းဒေသကြီး ဦးစီးမှူးကွင်းဆင်းစစ်ဆေး

MOS

DSW

DDM

DOR