လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းကော်မတီ၏ (၂/၂၀၂၂)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ကျင်းပခဲ့ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအောင်ကျော်မင်း၊ လုပ်ငန်းကော်မတီဝင် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အမှာစကားပြောကြားရာတွင် ပြန်လည်ဝင်ရောက်လာကြမည့် ရခိုင်ပြည်နယ်နေရပ်စွန့်ခွာသူများအတွက် ပြန်လည်နေရာချထားရေးကိစ္စရပ်များ၊ လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းကော်မတီ ရန်ပုံငွေသုံးစွဲမှုကိစ္စရပ်များ၊ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များတွင် လိုအပ်သောစားနပ်ရိက္ခာနှင့် တည်ဆောက်ပြုပြင်ရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရန်အတွက် ထပ်မံလိုအပ်သော ရန်ပုံငွေတင်ပြတောင်းခံနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ Preliminary Needs Assessment (PNA)ကိုလည်း ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များ၊ အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မည့် Comprehensive Needs Assessment (CNA)နှင့်စပ်လျဉ်းပြီး ဆောင်ရွက်ပေးမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားမည့် လုပ်ငန်းများအတွက် သက်ဆိုင်ရာဌာနများနှင့် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသော လုပ်ငန်းကော်မတီဝင်များဖြစ်သည့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများကလုပ်ငန်းကော်မတီနှင့်ပတ်သက်၍ ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြဆွေးနွေးကြသည်။

ထို့နောက်လုပ်ငန်းကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားပြီးအစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးမှကြီးမှူး၍ မန္တလေးမြို့၌ဖွင့်လှစ်သော “အထူးဂရုပြု စောင့်ရှောက်ရန် လိုအပ်သောကလေးများအား ပြုစုစောင့်ရှောက်ပုံ နည်းစနစ်သင်တန်း”
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းမှ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု နှင့်ဝန်ဆောင်မှုရေးရာကော်မတီ(၈/၂၀၂၅)အစည်းအဝေးမှတ်တမ်းကောက်နုတ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား
မသန်စွမ်းသူများကိုယ်တိုင် ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက် လက်တွေ့စမ်းသပ်အသုံးပြုခြင်း အခမ်းအနားရန်ကုန်မြို့တွင် ဆောင်ရွက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးသွားသော ဒေး၀န်းမူလတန်းကြိုကျောင်း၏ ယာယီကျောင်းဆောင် အဆောက်အဦ ဆောက်လုပ်နေမှု အခြေအနေအား တိုင်းဒေသကြီး ဦးစီးမှူးကွင်းဆင်းစစ်ဆေး

MOS

DSW

DDM

DOR