စစ်ကိုင်းတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို (၂၉.၁၂.၂၀၂၁) ရက်နေ့၌ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ ထိုအစည်းအဝေးတွင် တိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူးက ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သော ကလေးသူငယ်အခွင့်အရေးကိစ္စများနှင့် ရှေ့လုပ်ငန်းစဉ်များကို တင်ပြခဲ့ပါသည်။

ထို့နောက်တက်ရောက်လာသော ကော်မတီဝင်များက မိမိတို့ဌာန/အဖွဲ့အစည်းများမှ ဆောင်ရွက်လျက်ရှိသော ကလေးသူငယ်အရေးကိစ္စများကို ဆွေးနွေးခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ

မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးသွားသော ဒေး၀န်းမူလတန်းကြိုကျောင်း၏ ယာယီကျောင်းဆောင် အဆောက်အဦ ဆောက်လုပ်နေမှု အခြေအနေအား တိုင်းဒေသကြီး ဦးစီးမှူးကွင်းဆင်းစစ်ဆေး

MOS

DSW

DDM

DOR