ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအမျိုးသားကော်မတီ၏ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး စုပေါင်းခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးကြည်၊ကော်မတီဝင်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများတက်ရောက်ခဲ့ကြပါသည်၊၊

ရှေးဦးစွာဒုတိယဝန်ကြီးကအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီအနေဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို ပုံမှန်ကျင်းပဆောင်ရွက်လျက်ရှိပြီး အမျိုးသားကော်မတီ၏ ဆဋ္ဌမအကြိမ်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် နှစ်ဝက်အစီရင်ခံစာများ၊ လစဉ်အစီရင်ခံစာများ ပုံမှန်ပေးပို့တင်ပြလျက်ရှိပါကြောင်း၊မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ပထမငါးနှစ်လုပ်ငန်းစီမံချက်အတွက် လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို အမျိုးသားကော်မတီသို့တင်သွင်းပေးပို့ခဲ့ပြီးဖြစ်ပါကြောင်း၊ ဒုတိယ(၅)နှစ်စီမံချက်(၂၀၂၄-၂၀၂၈)တွင် လုပ်ငန်းကော်မတီ၏ရည်မှန်းချက်(၆)ရပ်ချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီ၏ ကလေးလုပ်သားစစ်တမ်း(၂၀၂၃-၂၀၂၄) အစီရင်ခံစာအရကလေးလုပ်သားများ၏ လိုအပ်ချက်အပေါ်မူတည်၍ ဝန်ဆောင်မှု၊ထောက်ပံ့မှုနှင့်သက်ဆိုင်ရာသို့လွှဲပြောင်းညွှန်းပို့ခြင်းများကိုလူမှုဖြစ်ရပ်စီမံခန့်ခွဲမှုနည်းလမ်းများနှင့်အညီ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကာကွယ်စောင့်ရှောက်ရန်လိုအပ်သောကလေးများကိုသက်မွေးပညာသင်တန်းများဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊

ကလေးအလုပ်သမား ဖြစ်ရပ်အများစုသည် မိသားစုစီးပွားရေးမပြေလည်သဖြင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း၊ ကလေးအလုပ်သမားနှင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမား၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များကိုသိရှိမှသာ အလုပ်ရှင်အပါအဝင် ကာယကံရှင် ကလေးသူငယ်များ၊ မိဘများအနေဖြင့် သတိပြုဆင်ခြင်နိုင်မည်ဖြစ်ပြီး ထိုကဲ့သို့ မဖြစ်ပေါ်စေရေးအတွက် တားဆီးနိုင်မည်ဖြစ်ကြောင်း၊ အလုပ်ရှင်နှင့် ပြေလည်နေချိန်တွင် ဖော်ထုတ်နိုင်မှုနည်းပါးခြင်းကြောင့် ကလေးများအတွက် အခွင့်အရေးများ ဆုံးရှုံးနိုင်ပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်းအတွက် အခမဲ့ပညာသင်ကြားရေးနှင့် ပညာသင်ထောက်ပံ့ကြေး များပေးအပ်လျက်ရှိပြီး အသက်မွေးဝမ်းကျောင်းပညာများကိုလည်း သင်ကြားပေးနေသည်ကိုတွေ့ရှိရမှာဖြစ်ပါကြောင်း၊ အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးမှုများသည် အရေအတွက်ထက် ပြန်လည်အသုံးချနိုင်သည့်အဆင့်ထိ သင်ကြားပေးရန်လိုကြောင်း၊ လုပ်ငန်းခွင်ဝင်နိုင်သည့် အခြေအနေသို့ရောက်ရှိမှသာ ကလေးအလုပ်သမားနှင့် အဆိုးရွားဆုံးခိုင်းစေခံရခြင်း၊အဓမ္မခိုင်းစေခံရမှုများ လျော့နည်းသွားမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ အသိပညာပေးလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းသင်တန်းများအား သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အရည်အသွေးရှိသော လုပ်သားအင်အားများ ဖြစ်ထွန်းလာစေခြင်း၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးတွင် အသိပညာများရရှိလာစေခြင်း၊ အဆိုးရွားဆုံးခိုင်းစေခံရခြင်းမှ လျော့နည်းလာစေခြင်းစသည့် အကျိုးကျေးဇူးများ ဖြစ်ထွန်းလာမည်ဖြစ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်မှ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ၏လုပ်ငန်းဆောင်ရွက်ချက်များအား တင်ပြဆွေးနွေးခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာသူများက လုပ်ငန်းဆောင်ရွက်ချက်များအပေါ် သုံးသပ်တင်ပြ၍ ရှေ့လုပ်ငန်းစဉ်များအားညှိနှိုင်း ဆွေးနွေးခဲ့ကြကာ အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ(ECI) မွမ်းမံသင်တန်း(ဒုတိယအကြိမ်) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
ရှမ်းပြည်နယ်အတွင်းရှိသက်ကြီးပုဂ္ဂိုလ်များအတွက်လူမှုရေးပင်စင်၊ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကျင်းပခြင်း သတင်းစဉ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်အခြေခံပညာအလယ်တန်းနှင့်အထက်တန်းအဆင့်ပန်းချီပြိုင်ပွဲကြည့်ရှုအားပေး၊ ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ(မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဆက်သွယ်ရေး၊သတင်း၊ပြန်ကြားရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုရေးပင်စင်၊စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့ပေးအပ်ခြင်းနှင့်ဆောက်လုပ်ရေး၊လမ်းတံတားနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအတွက် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) က ကျပ်သိန်း(၁၅၀)တန်ဖိုးရှိ အိမ်သုံးဆိုလာပစ္စည်းအစုံ (၁၅၀) လှူဒါန်းခြင်း
ပဲခူးတိုင်းဒေသကြီးအတွင်းရှိသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် နေရပ်စွန့်ခွာပြည်သူများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကျင်းပခြင်း သတင်းစဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကျင်းပခြင်း သတင်းစဉ်

MOS

DSW

DDM

DOR