မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သင်တန်းကို ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆောင်၍ ၃-၈-၂၀၂၃ ရက်နေ့မှ ၄-၈-၂၀၂၃ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ရာ သင်တန်းသား/သူ (၈၆) ဦး တက်ရောက်ခဲ့ကြပါသည်။ 

၃-၈-၂၀၂၃ ရက်နေ့တွင် ညွှန်ကြားရေးမှူးက ပြန်လည်ထူထောင်ရေးဦးစီးဌာနအကြောင်း မိတ်ဆက်တင်ပြခြင်းနှင့် မသန်စွမ်းမှတ်ပုံတင်ခြင်းလုပ်ငန်းများကို စီမံကိန်းမြို့နယ် (၁၀) မြို့နယ် တွင် ဆောင်ရွက်မည့်အစီအစဉ်အား ရှင်းလင်းတင်ပြခဲ့ပြီး ကုလသမဂ္ဂမသန်စွမ်းသူများ၏ အခွင့် အရေးဆိုင်ရာ သဘောတူစာချုပ်ပါ အခွင့်အရေးများ၊ မသန်စွမ်းမှုဆိုင်ရာ ဝေါဟာရအသုံးအနှုန်း များ၊ ဆောင်ရန်၊ ရှောင်ရန်များ၊ လိုက်နာရမည်များကိုလည်း ဆွေးနွေးပို့ချခဲ့ပါသည်။

ထို့နောက် TCG အဖွဲ့ဝင်များဖြစ်သည့် ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဖြိုးဝေဝင်းက သင်ခန်းစာများအား ပို့ချခဲ့ပါသည်။ 

ဆက်လက်၍ ၄-၈-၂၀၂၃ ရက်နေ့တွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူးက မှတ်ပုံတင်ခြင်းလုပ်ငန်းအဆင့်ဆင့်နှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုမည့် အသက်အရွယ်အလိုက် အကဲဖြတ်မေးခွန်းလွှာများ ကို ရှင်းလင်းပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးသွားသော ဒေး၀န်းမူလတန်းကြိုကျောင်း၏ ယာယီကျောင်းဆောင် အဆောက်အဦ ဆောက်လုပ်နေမှု အခြေအနေအား တိုင်းဒေသကြီး ဦးစီးမှူးကွင်းဆင်းစစ်ဆေး

MOS

DSW

DDM

DOR