ဧရာဝတီတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးနှင့် ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ မြန်မာအမျိုးသမီးများနေ့အကြိုလှုပ်ရှားမှု အခြေခံပန်းအလှပြင်သင်တန်းကို သင်တန်းသူ (၂၀) ဦးဖြင့် ၁၂-၆-၂၀၂၆ ရက်နေ့တွင် ပုသိမ်မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center တွင် ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ဧရာဝတီတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအဖွဲ့ဝင်များနှင့် ရပ်ရွာအတွင်းမှ စိတ်ပါဝင်စားသူ အမျိုးသမီးများ တက်ရောက်ခဲ့ကြပါသည်။











